ရန်ကုန်၊ မြောက်ဒဂုံတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဗိုလ်မှူးဟောင်း တစ်ဦး နေအိမ်အတွင်း အသတ်ခံခဲ့ရကြောင်း သိရသည်။
အသတ်ခံရသူသည် စစ်ကောင်စီ ခလရ (၂၄၁) တပ်တွင် နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးတင်မောင်အေး ဖြစ်ပြီး ၎င်းသည် စစ်တပ်အား သတင်းပေးခြင်း၊ PDF များအား ခြေရာခံကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်သို့ သတင်းပေးပို့ခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးရုံးများသို့ တိုက်ရိုက် သတင်းပေးနေသည့် အတွက် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
''ကိုတင်မောင်အေးက အာဏာသိမ်းပြီး ကာစက ဆန္ဒပြလူထုကို ဖြိုခွင်းတဲ့ အကြမ်းဖက် စစ်သားတွေ အနီးမှာကို တပူးတွဲတွဲ တွေ့နေရတာ၊ နောက် တပ်ရဲ့ လက်ကိုင်တုတ် မျိုးချစ်တွေနဲ့ အတူတူ တန်ပြန် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်တယ်။ သူနဲ့က တစ်ရပ်ကွက်လုံးနဲ့ မတည့်ပေမယ့် မြောက်ဒဂုံက အုပ်ကြီးတွေ အားလုံးကို ပိုင်တော့ ရပ်ကွက်က ဘာမှလုပ်မရဘူး'' ဟု အသတ်ခံခဲ့ရသည့် ဗိုလ်မှူးတင်မောင်အေးနှင့် နီးစပ်သူ အငြိမ်းစား စစ်ဘက် အရာရှိတစ်ဦးက ဆိုသည်။
မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များသည် မြောက်ဒဂုံမြို့နယ် အတွင်းရှိ ၎င်းနေထိုင်သည့် ခြံဝင်းတံခါးကို ဖျက်၍ နေအိမ်အတွင်း ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း ဆိုသည်။
''ကျွန်တော်တို့ မြို့ပြပြောက်ကျားတွေက အကြမ်းဖက်စစ်တပ်လို မဲမဲမြင်ရာ အကုန်ပစ်တာမျိုး ဘယ်တော့မှ မလုပ်ပါဘူး၊ ဒီနေ့ ဗိုလ်မှူးတင်မောင်အေးကို ရှင်းလင်းရာမှာလည်း သူ့မိသားစုဝင်တွေကိုပါ တွေ့ရှိခဲ့ပေမယ့် သူ့တစ်ဦးထဲကိုဘဲ ပစ်မှတ်ထား ရှင်းလင်းခဲ့တာပါ၊ မဆိုင်သူတွေ မထိစေဖို့ သေသေချာချာ ဂရုစိုက်ပါတယ်၊
တဆက်ထဲ သတိပေးလိုတာက ရန်ကုန်မြို့က အကြမ်းဖက် စစ်တပ်ထောက်တိုင် ဘယ်သူ့ကိုမဆို ဘယ်လို နေရာမှာမဆို ဝင်ရောက် ရှင်းလင်းနိုင်စွမ်း ကျွန်တော်တို့မှာ ရှိပါတယ်၊ အကောင်းဆုံးက အကြမ်းဖက် စစ်တပ်နဲ့ ဝေးဝေးနေပါ၊ သတင်းပေးတာ ပူးပေါင်းပါဝင်တာ လုပ်ရင် ကျွန်တော်တို့က အဲဒီလူဟာ ဘယ်လိုနေရာမှာ နေသည်ဖြစ်စေ ရှာဖွေ ရှင်းလင်းနိုင်စွမ်း ရှိတယ်ဆိုတာကို သိထားဖို့လိုမယ်'' ဟု မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက သတိပေး ပြောဆိုသည်။
D-Day Channel
No comments:
Post a Comment