ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်မှာ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်က တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။
ယနေ့နေ့ခင်း(1:20)ချိန်ခန့် မင်းတပ်မြို့နယ်၊ လှိယော ကျေးရွာမှာ စစ်ကောင်စီတပ်သားများဝင်ရောက်ပြီးအွယ်ရေးရွာထဲဝင်ရောက် လာရာCDF-Mindatဖြင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ရာ စကစမှလက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်ခဲ့ ပေမယ့် CDF-Mindat ထိခိုက်ကျဆုံးမှုမရှိပါ။
CDF-Mindat ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် စကစ(၃)သေဆုံး၊(၂)ဦးပြင်းထန်ဒဏ်ရာရရှိသွားပါတယ်။
ယနေ့ မနက် 7:30 အချိန်မှ စတင်ပြီး CDF ကန်ပက်လက် နှင့် စကစ တို့ နှစ်ကြိမ်တိတိ နှစ်ဖက် ထိတွေ့မှု ရှိခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့။
စကစ ဘက်မှ ၄ ဦး မြေသြဇာ ဖြစ်ပြီး ဒဏ်ရာရသူများပြားရှိပါတယ်။
စကစ ဘက်မှ အမြှောက်လက်နက်ကြီးများ အသုံးချမှုကြောင့် လက်နက်အင်အား မမျှသော်လည်း မိမိတို့ CDF မှာ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး မနက်ဖြန် တိုက်ပွဲ ပြင်းထန်နိုင်ချေ ရှိကြောင်း ပြည်တွင်း ပြည်ပ ရှိ ကန်ပက်လက် မြို့နယ် ပြည်သူများအနေ ဖြင့် ဆုတောင်းခြင်း ငွေကြေး ပံ့ပိုးခြင်း အားဖြင့် ဆက်လက် ကူညီပေး ကြဖို့ မေတ္တာ ရပ်ခံပါတယ်။
Zalen
No comments:
Post a Comment