ဖေဖေါ်ဝါရီ - ၁၂
စစ်အုပ်စု ခိုင်းစေသည့်အတိုင်း ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည့် စဉ့်ကိုင်မြို့နယ် ထွေအုပ်ရုံးအတွင်း အစောင့်ချထားသော စကစများကို ယမနေ့ ညပိုင်းတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ - LPDF စဉ့်ကိုင်က သတင်းထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ(၁၁)ရက် ည(၈)နာရီခွဲက စဉ့်ကိုင်မြို့နယ် ထွေအုပ်ရုံးအတွင်း ပြည်ထောင်စုနေ့ အခမ်းအနားအတွက် လုံခြုံရေး ယူနေသော စစ်အုပ်စုကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“လုံခြုံရေး ယူနေသော စခ၊ ရခ များကို အဝေးထိန်းမိုင်းတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသည်။ ထိခိုက်မှု အသေးစိတ် မသိရသေးပါ” ဟု LPDF စဉ့်ကိုင်က ဖော်ပြသည်။
ယနေ့ မနက်ပိုင်းတွင် စစ်အုပ်စုက စဉ့်ကိုင်မြို့ပေါ်နှင့် ကျေးရွာအချို့၌ တစ်အိမ်တက်ဆင်း မွှေနှောက် သောင်းကျန်းနေသည်ဟု ဒေသခံများက ဆိုသည်။
စစ်အုပ်စုသည် ၄င်းတို့ တိုက်ခိုက်ခံရချိန်တွင် ဒေသခံ အရပ်သား ပြည်သူများအပေါ် ရမ်းကား ရန်ပြုလေ့ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment