သပြေအေးကျေးရွာကို လေကြောင်းမှပစ်ခတ်ပြီးနောက် ဘုန်းကြီးကျောင်းအပါအဝင် အိမ်များကိုစစ်တပ်ကမီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာ၊ကျောက်ပြုတ်ကျေးရွာနှင့်ဝါးစိမ်းတောင်ဒေသကိုယနေ့နံနက်တွင် စစ်အကြမ်းဖက်အုပ်စုက mi35၂စီး ရိုးရိုးရဟက်ယာဥ်၂စီးစုစုပေါင်း၄စီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထို့နောက် သပြေအေးကျေးရွာကိုအင်အား(၆၀)ဝန်းကျင်ဖြင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။
" ချင်းပုန်းရွာကနေခေါ်သွားတဲ့ တပ်ဖွဲ့ဝင်တွေကို သပြေအေးရွာမှာချပြီးတော့ မီးရှို့နေတာ၊ အခုတစ်ရွာလုံးကုန်တော့မယ်။ ဘာကြောင့်မီးရှို့နေလဲဆိုတာတော့ မသိရဘူး "ဟု ဒေသခံတစ်ဦးက နေ့လယ် ၃နာရီအချိန်၌ သံလွင်ခက်ကိုပြောသည်။
လတ်တလောမြေပြင်အခြေအနေအရ သပြေအေးရွာသားတစ်ဦး ကျဆုံးကြောင်းသတင်းရရှိထားပြီးအတည်မပြုနိုင်သေးဟု ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဖော်ပြထားသည်။
သံလွင်ခက် - Than Lwin Khet News
သပြေအေးကျေးရွာကို လေကြောင်းမှပစ်ခတ်ပြီးနောက် ဘုန်းကြီးကျောင်းအပါအဝင် အိမ်များကိုစစ်တပ်ကမီးရှို့ဖျက်ဆီး
Reviewed by THITHTOOLWIN
on
23:10
Rating:
No comments:
Post a Comment