ဖေဖော်ဝါရီလ ၁၈ရက်နေ့ တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအရာခံအပါအဝင် ၂၅ဦးထက်မနည်းသေဆုံး၊ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့


Photo - DMO- PDF

ရှမ်း-ကယားနယ်စပ် ဝီသဲကူး(မြောက်ရွာ) မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအရာခံအပါအဝင် ၂၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို က သတင်းထုတ်ပြန်ပါတယ်။

အထိနာတဲ့ စစ်ကောင်စီတပ်မှ သံချပ်ကာအမြှောက်ကား ၂စီး ပစ်ကူခဲ့သလို ညနေ ၄နာရီကျော်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။  

တိုက်ပွဲအတွင်း DMO-PDF ဖက်က တပ်ဖွဲ့ဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မဟာမိတ်ပူးပေါင်းတပ်ကလည်း ထိခိုက်မှုရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နဲ့ အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီတပ်ဖက်က အထိနာနေတဲ့အတွက် အင်အားအလုံးအရင်းနဲ့ ထပ်မံဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ ဒီကနေ့အထိ ၃ရက်ဆက်တိုက် ရှမ်း-ကယားနယ်စပ်မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုရှိသလို ကရင်နီပူးပေါင်းတပ်ဖွဲ့ဖက်ကလည်း အကျအဆုံးရှိနေပါတယ်။ ဒါ့အပြင် ဒေသခံနေအိမ်အများအပြားကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


Kantarawaddy Times 

ဖေဖော်ဝါရီလ ၁၈ရက်နေ့ တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအရာခံအပါအဝင် ၂၅ဦးထက်မနည်းသေဆုံး၊ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့ တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအရာခံအပါအဝင် ၂၅ဦးထက်မနည်းသေဆုံး၊ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ Reviewed by THITHTOOLWIN on 01:51 Rating: 5

No comments:

Powered by Blogger.