ဖေဖော်ဝါရီ ၁၉ ရက်၊ ဆော
မကွေးတိုင်း ဆောနဲ့ လောင်းရှည်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ချင်းတပ်မတော်ပ်မတော် (CNA), YDF, CDF, PDF တို့အကြားက တိုက်ပွဲမှာ စစ်တပ်ဘက်က (၂၂)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၄ ရက် တိုက်ပွဲမှာ ယောဒေသ ကာကွယ်ရေးတပ်-YDF (Saw & Kyaukhtu)၊ လောင်းရှည် PDF (LSRPDF)အဖွဲ့ ပူးပေါင်းပြီး လောင်းရှည်မြို့ မီးသတ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ပွင့်ဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
YDF (Saw & Kyaukhtu)၊ ဆော PDF၊ ကန်ပက်လက် CDF, CNA၊ ပေါက်တောင်ပိုင်း ပျောက်ကျားတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၂ ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အနည်းဆုံး (၂၀)ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၄ ရက်ကနေ ၁၄ ရက်အထိ တိုက်ပွဲအတွင်း YDF (Saw & Kyaukhtu)က စစ်ရှောင် (၇၀၀)ကျော်ကို ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့ပြီး စစ်ရှောင် (၁၀၀)ကျော်ကို ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment