ဓာတ်ပုံ - KNLA တပ်မဟာ ၁ တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (Photo: Supplied) |
ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၂၀၂၂
မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ် ပိန္နဲတောလမ်း ထုံးဘိုလေး ထုံးဘိုကြီးကြား ရွှေဘိုတံတားတွင် ဝီရော်မှ ပိန္နဲတော့စစ်ကော်စီတပ်စခန်းသို့ ခြေလျှင်ဖြင့် တက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တို့ကို ယနေ့မနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် KNLA တပ်ရင်း ၁ တပ်ခွဲ ၁ တပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်ရင်း ၂ တပ်မှူးတစ်ဦးကပြောပါတယ်။
"မနက်ကစစ်ကြောင်းချီလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တပ်ရင်း၂ တပ်ခွဲ ၁ ပူးပေါင်းအဖွဲ့က မိုင်းသုံးလုံးနဲ့ တစ်ဆက်တည်းဆွဲပြီး တိုက်ခိုက်တာ။ ထိခိုက်သေဆုံးမှုရှိမယ်။ အခုတော့အတည်မပြုနိုင်သေးပေမဲ့ အနည်းဆုံး လေး၊ ငါးဦးလောက်သေနိုင်တယ်" လို့ ပြောပါတယ်။
ဒီမနက် စစ်ကောင်စီတပ်ဖွဲ့တို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သထုံလေးကျင့်ရေးကုန်း၊ အမှတ် ၉ ခြေမြန်တပ်ရင်း၊ ဝီရော်၊ ပိန္နဲတောနှင့် အမြှောက်တပ် အမှတ် ၃၁၄ ထီးဖိုးညလိခီး(ဇီးဝန်းရွာအနီး)အသီးသီးတို့မှ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် မိကျောင်းအိုင်ကျေးရွာထဲသို့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦးကျည်ဆံထိမှန်ဒဏ်ရာရရှိပြီး အမျိုးသားမှာ လက်တစ်ဖက်ပြတ်သွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် အမှတ် ၉ ခြေမြန်တပ်ရင်းမှာ တင့်ကား ၂ စီးရောက်ရှိလာသလို မွန်ပြည်နယ် ဘီးလင်းဖက်မှာလည်း နတ်ကြီးဖက်ကိုတက်ဖို့ တင့်ကား ၂ စီးရောက်ရှိနေတယ်လို့ KNLA တပ်မှူးကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အရင်လိုကားနဲ့မလာရဲကြတော့တဲ့အတွက် ခြေလျှင်ဖြင့်သာလှုပ်ရှားသွားလာကြတယ်လို့ သူကပြောပါတယ်။
Salween Press
No comments:
Post a Comment