ဒေါ်အောင်ဆန်းစုကြည် ခေါင်းမူးအော့အန်ဝေဒနာ ခံစားနေရ၊ ဆရာဝန်က အနားယူခိုင်းသဖြင့် တရားရုံးချိန်းများ ခွင့်တိုင်ထား


ဖေဖော်ဝါရီ - ၃ 

စစ်အုပ်စုက ဖမ်းဆီးထားသည့် အသက် (၇၀)ကျော်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဖေဖော်ဝါရီ (၃)ရက် နံနက်ပိုင်းက ခေါင်းမူးအော့အန် ဝေဒနာများ ဖြစ်ပွားခဲ့သဖြင့် ဆရာဝန်က အနားယူခိုင်းထားကြောင်း နေပြည်တော်ရှိ တရားရုံးအသိုင်းအဝိုင်းမှ သိရှိရသည်။ 

ထို့ကြောင့် ယနေ့ပြုလုပ်မည့် တရားရုံးချိန်းကို ခွင့်တိုင်ထားသည်ဟုလည်း အဆိုပါအသိုင်းအဝိုင်းက ဆိုသည်။ 

စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားပြီး အချိန်တစ်နှစ်ကျော်ရှိပြီ ဖြစ်သည်။ 

ယင်းအပြင် အဂတိမှု၊ သဘာဝဘေးစီမံအမှု၊ ရွေးကောက်ပွဲကော်မရှင်အား သြဇာလွှမ်းမိုးမှု စသည့် အမှုများစွာဖြင့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားကာ နေပြည်တော်ရှိ အထူးတရားရုံးတစ်ခုတွင် အမှုရင်ဆိုင်နေခြင်း ဖြစ်သည်။ 


Mandalay Free Press - MFP

ဒေါ်အောင်ဆန်းစုကြည် ခေါင်းမူးအော့အန်ဝေဒနာ ခံစားနေရ၊ ဆရာဝန်က အနားယူခိုင်းသဖြင့် တရားရုံးချိန်းများ ခွင့်တိုင်ထား ဒေါ်အောင်ဆန်းစုကြည် ခေါင်းမူးအော့အန်ဝေဒနာ ခံစားနေရ၊ ဆရာဝန်က အနားယူခိုင်းသဖြင့် တရားရုံးချိန်းများ ခွင့်တိုင်ထား Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.