ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီ၏ယာဥ်အား လက်သုံးချောင်းထောင်ပြသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။
ဖြစ်စဥ်မှာ ယနေ့ (ဖေဖော်ဝါရီ ၉)နံနက် ၁၀နာရီခွဲခန့်က (၄၈)ရပ်ကွက် ဗထူးလမ်းမပေါ်ရှိ 360 ဓာတ်ဆီ ဆိုင်ရှေ့၌ အကြမ်းဖက်စစ်တပ်၏ Double Cab ယာဥ်ပေါ်မှ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
"စစ်ခွေးကား လာတဲ့အချိန် သူကလက်သုံးချောင်းထောင်ပြလိုက်တာတဲ့။ အဲဒီအကိုက နေ့တိုင်း ဒီရပ်ကွက်ထဲမှာ မြင်နေကြ။။တချို့ကပြောတာတော့ သူကစိတ်ကျန်းမာရေးသိပ်မကောင်းဘူးတဲ့။အသက်က ၃၀ ကျော် ၄၀ လောက်ပဲရှိသေးတာ"ဟု (၄၈)ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရသူ အမျိုးသား၏ အလောင်းကို စစ်ကောင်စီတပ်က သယ်ယူသွားပြီး နေ့လည် ၁၁ နာရီကျော်သည်အထိ အခင်းဖြစ်ပွားရာနေရာအနီး၌ အကြမ်းဖက်စစ်တပ်က အင်အားအများအပြားဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
အကြမ်းဖက်စစ်တပ်က နိုင်ငံ့အာဏာကို မတရားသိမ်းယူပြီးနောက်ပိုင်း တစ်နှစ်အတွင်း ပြည်သူများကို မတရားညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် ပြည်သူထောင်နှင့်ချီ သေဆုံးခဲ့ရသည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ တရားဝင်စာရင်းအရ ဖေဖော်ဝါရီ ၈ရက်အထိ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ပြည်သူပေါင်း ၁,၅၂၉ ဦး ရှိနေသည်။
People's Spring
No comments:
Post a Comment