တံတားဦးမှ ထွက်လာသည့် စကစယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး ဒဏ်ရာပြင်းထန်ပြီး ဆေးရုံရောက်


ဖေဖော်ဝါရီ - ၅ 

မန္တလေးတိုင်း တံတားဦးမြို့မှ ထွက်ခွာလာသည့် ကားခြောက်စီးပါ စကစယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ သုံးဦး ဒဏ်ရာပြင်းထန်ပြီး ဆေးရုံရောက်သွားကြောင်း သတင်းရရှိသည်။ 

ယနေ့ ဖေဖော်ဝါရီ (၅) ရက်တွင် တံတားဦးမြို့မှလာသည့် ကားခြောက်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Myaung People`s Defense Force TGR) က ထုတ်ပြန်သည်။ 

TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Myaung People`s Defense Force TGR)နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့ တို့မှ ဦးဆောင်ပြီး မဟာမိတ်ညီနောင်ဖြစ်သော  Ngazun Fight Stars နှင့်ပူးပေါင်း၍ မြင်းသည်ရွာနှင့် စကားတည် ရွာကြား အေပတ်ဆီဆိုင်နှင့် ဖက်တီးဆီဆိုင်ကြားတွင် ဒူးရင်သီး ၄ လုံး​ဖြင့်​ အမုန်းကျွေးခဲ့ပါတယ်ဟုဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် စကစတပ်ဖွဲ့ထိခိုက်ကျဆုံး အတိအကျအား မသိရသေးသော်လည်း စကစတပ်သား သုံးဦးမှာ ငါန်းဇွန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မြောင်TGR က ဆိုသည်။  


Mandalay Free Press - MFP

တံတားဦးမှ ထွက်လာသည့် စကစယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး ဒဏ်ရာပြင်းထန်ပြီး ဆေးရုံရောက် တံတားဦးမှ ထွက်လာသည့် စကစယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး ဒဏ်ရာပြင်းထန်ပြီး ဆေးရုံရောက် Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.