မြင်းမူနယ် ထီးဆောင်းကျေးရွာအနီးတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အနီးဝန်းကျင်ကို စကစ ဝင်မွှေ

ပုံစာ၊ မုံရွာ - မန္တလေးလမ်းပေါ်၌ ရပ်စောင့်နေရသည့် မော်တော်ယာဉ်များနှင့် စကစ ထုတ်ပြန်သည့် မိုင်းများ/ ဓာတ်ပုံ - ပေးပို့ 

ဖေဖော်ဝါရီ - ၃ 

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီးတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းများ ကြုံရသဖြင့် အနီးဝန်းကျင်ကို စကစ က ဝင်မွှေကြောင်း ဒေသခံတို့က ပြောသည်။ 

ယနေ့ ဖေဖော်ဝါရီလ (၃)ရက် မွန်းလွဲပိုင်း၌ အဆိုပါ မန္တလေး-မုံရွာလမ်းပိုင်းသို့ ဖြတ်သန်းသွားသည့် မော်တော်ယာဉ်များမှာ တိုက်ပွဲဖြစ်နေသည်ထင်၍ ရပ်စောင့်နေရကြောင်း ထိုနေရာသို့ ရောက်ရှိနေသူအချို့က လူမှုကွန်ရက်တွင် ဖော်ပြကြသည်။ 

" တိုက်ပွဲမဟုတ်ပါဘူး၊ မိုင်းရှင်းရင်းနဲ့ ဖြစ်ကြတာ၊ PDF တွေ ဆုတ်လမ်းကို လိုက်ပစ်တာ၊ နဘဲကြူး၊ မကျီးကန်၊ သပြေသာ စခတွေဝင်လာပြီး မကျီးကန်နား အပြန်အလှန်ပစ်ခတ်မှုဖြစ်တာပါ " ဟု စစ်ကိုင်းတိုင်း ဒေသခံတစ်ဦးက ဆိုသည်။ 

ထိုသို့ ဝင်ရောက်မွှေနေရင်း PDF များထောင်ထားသည့် မိုင်းမျးကို တွေ့ရှိခဲ့ရကြောင်းလည်း စကစ အသိုင်းအဝိုင်းက ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် ကျေးရွာများအတွင်း စစစ်ကောင်စီက ဝင်ရောက်မွှေနှောက်နေသဖြင့် မြင်းမူနယ်မှ ဒေသခံတစ်ရာကျော်သည် စစ်ကိုင်းမြို့နယ်အတွင်းသို့ တိမ်းရှောင်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။ 

မြင်းမူမြို့နယ်ရှိ ဂုံညှင်းဆိပ်ရဲကင်းစခန်းကိုလည်း ယမန်နေ့ညပိုင်းက တော်လှန်ရေးမဟာမိတ်များ၏ ဝင်ရောက်စီးနင်းခံခဲ့ရပြီး ရဲနှင့် စစ်သားများ ထွက်ပြေးခဲ့ရသဖြင့် မူးမြစ်ကမ်းဘေး ကျေးရွာများကို စစ်ကောင်စီက ထပ်မံ ဝင်ရောက်မွှေနှောက်နိုင်ကြောင်း ဒေသခံများက ဆိုသည်။ 


Mandalay Free Press - MFP

မြင်းမူနယ် ထီးဆောင်းကျေးရွာအနီးတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အနီးဝန်းကျင်ကို စကစ ဝင်မွှေ မြင်းမူနယ် ထီးဆောင်းကျေးရွာအနီးတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အနီးဝန်းကျင်ကို စကစ ဝင်မွှေ Reviewed by THITHTOOLWIN on 20:14 Rating: 5

No comments:

Powered by Blogger.