ပေါက်မှာ စစ်ကြောင်းချီလာတဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ


ပေါက်၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းရွာကစစ်ကြောင်းချီလာတဲ့ ပြည်သူ့စစ် (ခ) ပျူစောထီးအဖွဲ့တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၉ နာရီမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့  King Fighter-SGF အဖွဲ့ဆီက သိရပါတယ်။ 

ဒီးဒုတ်ရွာဟာ စစ်ကောင်စီထောက်ခံသူတွေအများစုနေထိုင်တဲ့ရွာတရွာဖြစ်ပြီး၊ အဲ့ဒီရွာကနေ စစ်ကြောင်းချီတဲ့ပုံစံနဲ့ ထွက်လာတဲ့ ပျူစောထီးအင်အား ၃၀ ကျော်ကို PDF ၄ ဖွဲ့ပေါင်း တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီး ၃ ဦးဒဏ်ရာရရှိသွားတယ်လို့  King Fighter-SGFတာဝန်ခံ မတ်သံလုံက ပြောပါတယ်။ 

“ ဒီးဒုတ်ကွင်းရွာကတရွာလုံးပျူစောထီးတွေပါ၊ ရွာထိပ်မှာဂိတ်ချပြီးတော့မှ ကားတို့ ဆိုင်ကယ်တို့တားပြီး ပြည်သူတွေကိုအနိုင်ကျင့်ဆပ်ကြေးတောင်းနေကြတာ၊ ရည်ရွယ်ချက်က အဲဒီဂိတ်ကိုဝင်ပစ်ဖို့ ကားနဲ့သွားကြတာ၊  ဂိတ်ကိုမရောက်ခင်မှာ သူတို့အင်အား ၃၀ ဝန်းကျင်လောက်ရှိတဲ့ ပြည်သူ့စစ်ဝတ်စုံ အစိမ်းဝတ်စုံတွေနဲ့ သေနတ်တွေကိုင်ပြီးစစ်ကြောင်းချီတဲ့ပုံစံမျိုးလျှောက်နေတာ၊အဲဒီမှာကျနော်တို့ဘက်ကလက်နက်ကြီးတွေနဲ့စပစ်တယ်၊ “ လို့ သူကပြောပါတယ်။ 

King Fighter-SGF၊ မဟာမိတ်များဖြစ်သောတပ်ရင်း ၄၊ CAF-MGPDFနဲ့ PPCတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီနောက် PDF အဖွဲ့တွေလည်း မိုင်းဆွဲခံခဲ့ရတယ်လို့  King Fighter-SGF ဆီက သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ပေါက်မှာ စစ်ကြောင်းချီလာတဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ ပေါက်မှာ စစ်ကြောင်းချီလာတဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.