ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်ကြားတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး (၁၀) ဦးသေဆုံး
ဖေဖော်ဝါရီ ၂၈
ဆောမြို့နယ်၊ ဆွဲလွဲကျင်းရွာနှင့် ကန်ပက်လက်မြို့နယ်၊မဆာတွီကျေးရွာအကြားတွင် ယနေ့ နံနက် ၈ နာရီခွဲခန့်မှစ၍ ညနေ ၄ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF Kanpetlet နှင့်အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး (၁၀) ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြကြောင်းသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါသေဆုံးသောစစ်ကောင်စီတပ်သားအလောင်းများအား လမ်းဘေးရှိတဲအိမ်တစ်အိမ်တွင်ပြန်စုစည်းပြီး ထိုတဲအိမ်ပါ မီးရှို့ပစ်ခဲ့ကာ လမ်းဘေးဝဲယာရှိ သစ်ရွက်ခြောက်များနှင့်ခြုံတောများကိုလည်းမီးရှို့ခဲ့ကြသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF Kanpetlet ၏ ပျောက်ကျားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်ခြင်းခံရသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းသည် အဆိုပါဆွဲလွဲကျင်းရွာနှင့်မဆာတွီရွာအကြားတွင်ယနေ့ဆက်လက်အိပ်ကြအုံးမည်ဟုခန့်မှန်းရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF Kanpetlet ရဲဘော်များနှင့် လာရောက်ပူးပေါင်းပေးကြသော လောင်းရှည် PDF ရဲဘော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
နောက်နေ့များတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေသေး၍ မိဘပြည်သူများအနေဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်များကို ဆက်လက်လိုက်နာပေးနိုင်ပါရန် CDF-Kanpetlet က အသိပေးထုတ်ပြန်သည်။
PDF Newsflash
No comments:
Post a Comment