နဘုလယ်မှာ သပိတ်စာသားပါ ပိတ်ဖြူကို လာဖြုတ်တဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ မိုင်းထိ၊ တစ်ဦးသေ


တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက  WELCOME TO NABULE ဆိုတဲ့ နေရာမှာ ချိတ်ဆွဲထားတဲ့ သပိတ်စာသားပါ ပိတ်ဖြူကို လာဖြုတ်တဲ့ ပျူစောထီးအဖွဲ့ဒီနေ့မနက်မှာ မိုင်းခွဲခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဒီနေ့မနက် ၇ နာရီ ၁၅ မှာ စစ်ကောင်စီတပ်တွေနဲ့ ပရဒတ်ရွာကပျူစောထီးခေါင်းဆောင် ကိုမင်းမင်းတို့ဟာ သပိတ်စာသားပါပိတ်ဖြူကို လာဖြုတ်တဲ့အချိန်မှာ မိုင်းထိပြီး ၁ ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ YPDF-DYNAMITE က ထုတ်ပြန်ထားပါတယ်။ 

မိုင်းပေါက်ကွဲမှုကြောင့် နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ YPDF-DYNAMITE က ထုတ်ပြန်ပါတယ်။ 

"ပေါက်ကွဲသံအကျယ်ကြီး တချက်ကြားတယ်၊ အဲဒီနောက်မှာ သေနတ်သံတွေဆက်တိုက် ကြားရတယ်" လို့ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုင်းကွဲပြီးနောက်မှာ စစ်ကောင်စီတပ်တွေရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးအနားမှာ လမ်းသွားလမ်းလာဆိုင်ကယ်တွေရပ်ကြည့်နေတဲ့အတွက် ပြန်ပစ်ဖို့အခွင့်မသာဘဲ ပြန်ဆုတ်ခွာခဲ့တယ်လို့ YPDF-DYNAMITE ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 


The Tanintharyi Times

နဘုလယ်မှာ သပိတ်စာသားပါ ပိတ်ဖြူကို လာဖြုတ်တဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ မိုင်းထိ၊ တစ်ဦးသေ နဘုလယ်မှာ သပိတ်စာသားပါ ပိတ်ဖြူကို လာဖြုတ်တဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ မိုင်းထိ၊ တစ်ဦးသေ Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.