ဆောမြို့သို့လာသည့် စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ရာ စစ်ကောင်စီတပ်အထိနာ


မကွေးတိုင်း ဆောမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

" ဖြစ်တာက ဆောမြို့နယ်ထဲပဲ။ ဆောမြို့နယ်ကိုလာတဲ့ယာဉ်တန်း။ ယာဉ် ၁၆စီးလာတာ မိုင်းဆွဲတာပါပဲ။ အထိအခိုက်တွေတော့ရှိတယ်”ဟု ၎င်းက ​ပြောသည်။

ယောဒေသကာကွယ်ရေးတပ်(YDF)ကလည်း စစ်ရေးသတင်းထုတ်ပြန်ရာ ဖေဖော်ဝါရီ၁၂ရက် နံနက် ၆နာရီခွဲ အချိန်ခန့်မှစတင်ပြီး ၁နာရီခွဲကြာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှအနည်းဆုံး ၂၀ဦးခန့် သေဆုံးကြောင်း ဖော်ပြသည်။

YDF - (Saw&Kyaukhtu) ၊ PDF - (Saw) ၊ CDF - (Kanpetlet) ၊ CNA/CNF ၊ ပေါက်တောင်ပိုင်းပျောက် ကျားတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး စစ်အင်အား ၃၀၀ကျော် ၊ စစ်ယာဉ်တန်း ၁၆စီးပါဝင်သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။



People's Spring


ဆောမြို့သို့လာသည့် စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ရာ စစ်ကောင်စီတပ်အထိနာ ဆောမြို့သို့လာသည့် စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ရာ စစ်ကောင်စီတပ်အထိနာ Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.