ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့၊ ၂၀၂၂
ရန်ကုန်တိုင်း သာကေတမြို့နယ် ၇ ရပ်ကွက် ၇ ဈေးအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဆီလာဖြည့်သောလှည့်ကင်းယာဉ်တစ်စီးကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရသည်။
သာကေတမြို့နယ် ၇ ရပ်ကွက် ၇ ဈေးအနီးမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲက ဆီဖြည့်ရန်လာသောလှည့်ကင်းယာဉ်တစ်စီးကို အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက သေနတ်ဖြင့်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးရဲနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။
"၇ ဈေးနားမှာဖြစ်တာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ နောက်တော့ လူနာတင်ယာဉ်တွေရောက်လာပြီး ရဲနှစ်ဦးကို တင်သွားတာတွေ့တယ်။ သေမသေတော့ မသိဘူး" ဟု အဆိုပါဒေသခံက ပြောပါတယ်။
သာကေတမြို့နယ် ၇ ရပ်ကွက် ၇ ဈေးအနီးတွင်အပြန်အလှန်ပစ်ခတ်မှုဖြစ်မှန်ကန်ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ စိုးရိမ်ဒဏ်ရာများရရှိကာ မင်္ဂလာဒုံစစ်ဆေးရုံအရေးပေါ်လူနာဆောင်သို့ ပို့ဆောင်ထားရသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုမဖြစ်ပွားမီ မြို့နယ်လျှပ်စစ်ရုံးမှာလည်း ဗုံးနဲ့ပစ်ပေါက်ပြီး သေနတ်နဲ့ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်ခတ်မှုများဖြစ်ပြီးနောက် သာကေတ ၇ ဈေးမှာလည်းလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မိနစ်၂၀ အကြာထိ မီးငြိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်တလောတွင် သာကေတမြို့နယ် ၇ ရပ်ကွက် ၇ ဈေးအနီးမှာ စစ်တပ်နဲ့ရဲတွေက လမ်းသွားလမ်းလာနဲ့ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
Salween Press
No comments:
Post a Comment