ဒေါပုံမြို့နယ်တွင် မိုင်တဲတာဝါတိုင်စောင့်နေသော စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက်

ရန်ကုန်တိုင်း ၊ ဒေါပုံမြို့နယ်တွင် စစ်ကောင်စီမှ ပိုင်ဆိုင်သော မိုင်တဲဆက်သွယ်ရေးတာဝါတိုင်ကိုစောင့်ရှောက်ပေးနေရသည့်  စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုများရှိခဲ့ကြောင်းသိရသည်။

အာဏာသိမ်းမှု နှစ်ပတ်လည်ဖြစ်သည့် ဖေဖော်ဝါရီလ၁ရက်နေ့တွင် စစ်ကောင်စီ၏ပိုင်ဆိုင်မှုတစ်ခုဖြစ်သည် ဒေါပုံမြို့နယ် ယမုံနာ၁ရပ်ကွက် အောင်မေတ္တာလမ်းရှိ မိုင်တဲတာဝါတိုင်ကို စောင့်ရှောက်နေရသည့် တပ်သားများကို ည၇နာရီဝန်းကျင်ခန့်တွင် ရန်ကုန်ပြောက်ကျားအင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“Mytel တာဝါတိုင်အနီးမှရှိတဲ့ စခတွေကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်”ဟု ရန်ကုန် ပြောက်ကျားအင်းအားစုမှဆိုသည်။

အဆိုပါတိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီတပ်သား ၂ဦးထိခိုက်ခဲ့ပြီး တစ်ဦးမှာ သေနိုင်သောအနေအထားတွင်ရှိကြောင်း ရန်ကုန်ပြောက်ကျားအဖွဲက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်၊အလုံမြို့နယ်ဆင်မင်းရပ်ကွက် ကွင်းကျောင်းလမ်းတွင် ရှိသည့် မိုင်တဲရုံး တစ်ခုနှင့် One Stop Mart ဆိုင်တစ်ခုကိုလည်း ဒီကနေ့နံနက်ပိုင်းတွင် အဝေးထိန်းဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Special Task Agency Of Burma (STA)သတင်းထုတ်ပြန်ထားသည်။

ထပ်မံ၍လည်း ရန်ကုန်တိုင်းအတွင်းရှိ တွံတေးမြို့နယ်အတွင်းရှိ စမ်းရွာတွင် မိုင်တဲတာဝါတိုင်ကို စောင့်ရှောက်ပေးနေရသော စစ်သားများတိုက်ခိုက်ခံခဲ့ရကြောင်းသိရပြီး မည်သည့်အဖွဲ့ပြုလုပ်သည်နှင့် နောက်ဆက်တွဲအခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံတွင် စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးသည့်နောက်တွင် စစ်ကောင်စီကို လက်နက်ဝယ်ယူရန်နှင် အခြားဝင်ငွေများရရှိနိင်သည့် စီးပွားရေးလုပ်ငန်းများကို ပြည်သူလူထုအနေဖြင့် ဝယ်ယူသုံးစွဲခြင်းမပြုလုပ်ပဲ သပိတ်မှောက်ထားလျက်ရှိသည်။

ထိုသို့သပိတ်မှောက်ထားသည့်ထဲတွင် စစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် မိုင်တဲဆင်းကဒ်ကိုပြည်သူလူထုက အသုံးမပြုခြင်းအပြင် ၎င်းတို့ခြေချရာနေရာများနှင့် တာဝါတိုင်များကို ပြည်သူ့တော်လှန်ရေးအဖွဲ့များအနေဖြင့် ဖြိုဖျက်မှုများပြုလုပ်လျက်ရှိနေသည်။

အဆိုပါ စစ်ကောင်စီပိုင် ပစ္စည်းနှင့် ဝင်ငွေရလမ်းများကိုဖျက်ဆီးခြင်းလုပ်ငန်းကို စစ်ကောင်စီကို ဝင်ငွေစီးဆင်းမှုမရှိရန်သော်လည်းကောင်း ပြည်သူထုအပေါ်တွင် စစ်တပ်မှ ကျူးလွန်မှူများအတွက်သော်လညး်ကောင်း စစ်တပ်ပိုင်နှင့် စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သော လုပ်ငန်းများကိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်းတော်လှန်ရေးအဖွဲ့များကဆိုသည်။


Ayeyarwaddy Times

ဒေါပုံမြို့နယ်တွင် မိုင်တဲတာဝါတိုင်စောင့်နေသော စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရ ဒေါပုံမြို့နယ်တွင် မိုင်တဲတာဝါတိုင်စောင့်နေသော စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.