ဖေဖော်ဝါရီ ၆ ၊ ၂၀၂၂
ကချင်ဒေသတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်ရာရွာတွေကိုလေကြောင်းက နေပစ်မှတ်ထားတိုက်ခိုက်နေလို့အရပ်သားပြည်သူတွေထိခိုက်သေဆုံးမှုရှိနေတယ်လို့ဒေသခံအချို့နဲ့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIAနဲ့ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းပြီးတော့ ဖေဖော်ဝါရီ၁ရက် ကစတင်ကာကချင် ပြည်နယ် ပူတာအို၊ဖားကန့်နဲ့မိုးညှင်းမြို့နယ်တွေကအကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ရဲစခန်းနဲ့စစ်ကြောင်းတွေကို တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတာ။
KIA /PDF ပူးပေါင်း တိုက်ခိုက်မှုကြောင့် အထိနာတဲ့စစ်ကောင်စီတပ်က ပူတာအိုနဲ့ဖားကန့်မှာ လေယာဉ်၊စစ်ရဟတ်ယာဉ်တွေသုံးပြီးတိုက်ခိုက်တာကြောင့် အမျိုးသမီးတွေ အပါအဝင် ဒေသခံအချို့သေဆုံးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယနေ့ ဖားကန့် နမ့်ယားဒေသမှာ စစ်ကောင်စီတပ်က လေကြောင်းကတိုက်ခိုက်လို့အမျိုးသားတစ်ဦးသေဆုံးပြီးအမျိုးသမီး အချို့ ဒဏ်ရာရခဲ့တယ်လို့ ကချင်ဒေသခံကပြောပါတယ်။
“ သူတို့ကအကျအဆုံးများပြီဆိုတာနဲ့ ပြည်သူလူထုအိုးအိမ်ကိုပြန်ဖျက်ဆီးနေတာ။ အခုကရွာဆိုတာလည်းသူတို့သိတယ်။ရွာသူရွာသားပဲရှိတယ်ဆိုတာလည်းသူတို့သိတယ်။ ဒဏ်ရာရတဲ့သူတွေ လည်းနည်းနည်းစိုးရိမ်စရာရှိတယ်။ သိပ်တော့ အခြေအနေ မကောင်းတော့ဘူးလို့ပြောကြတယ်။ ကျွန်တော်တို့လည်းစိတ်မကောင်းရုံကလွဲပြီးဘာမှပြောစရာမရှိဘူး” ဟု သူကပြောပါတယ်။
KIA သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း “ ဆွမ်ပီယန်ကျေးရွာဘက်မှာ စစ်ကောင်စီဘက်ကလေယာဉ်နဲ့တိုက်ခိုက်လို့ပြည်သူလူထုတွေ ထိခိုက်တာရှိပါတယ်။ ပြည်သူလူထုရဲ့ ရွာတွေလည်းအိမ်တွေလည်း မီးလောင်သွားတာရှိပါတယ်။ အခု ၃ရက် ဆက်တိုက်လောက်ဖားကန့် ဘက်မှလည်းစစ်ကောင်စီဘက်က လေယာဉ်ပျံနဲ့ပစ်လို့တိမ်းရှောင်ရတာပေါ့” ဟု ပြောပါတယ်။
Public Voice Television
No comments:
Post a Comment