ထားဝယ်ချောင်ရဲစခန်း ဗုံးပစ်ခံရ၊ စစ်ကူလာသည့်ကားပါ တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်ပါးစေ ၁၀ ဦးခန့် သေဆုံးနိုင်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ 

မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်းကို ယနေ့ ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီဝန်းကျင်က ၄၀ မမဗုံးသီး ၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထပ်မံ၍ စစ်ကူလာသည့်စစ်ကောင်စီယာဉ်ကိုပါ ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့်အဖွဲ့ကထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးကို People's Force (Yangon)အဖွဲ့နှင့်  Spring Brothers Force အဖွဲ့တို့ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် အရသိရသည်။ 

ထို့နောက် အဆိုပါရဲစခန်းသို့ စစ်ကူလာရောက်သည့် အကြမ်းဖက် စစ်ကောင်စီကားကိုလည်း ၄၀ မမဗုံးသီးတစ်လုံးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် အဝေးထိန်းဗုံး ၄ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သဖြင့် ကားတစ်စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီလက် ပါးစေ ၁၀ ဦးဝန်းကျင်သေဆုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထိုသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆိုပါရဲစခန်းအနီးရှိရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ကို လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း မြို့နယ်အတွင်းနေထိုင်သူများကဆိုသည်။ 

ထားဝယ်ချောင်ရဲစခန်းသည် ယမန်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိခဲ့သလို ထိုစဉ်က စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်မှာလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။


Lu Nge Khit

ထားဝယ်ချောင်ရဲစခန်း ဗုံးပစ်ခံရ၊ စစ်ကူလာသည့်ကားပါ တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်ပါးစေ ၁၀ ဦးခန့် သေဆုံးနိုင် ထားဝယ်ချောင်ရဲစခန်း ဗုံးပစ်ခံရ၊ စစ်ကူလာသည့်ကားပါ တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်ပါးစေ ၁၀ ဦးခန့် သေဆုံးနိုင် Reviewed by THITHTOOLWIN on 00:25 Rating: 5

No comments:

Powered by Blogger.