ဓာတ်ပုံ - ဖာပွန်ခရိုင်က စစ်ကောင်စီနှင့် BGF တပ်စခန်းတစ်ခုတိုက်ခိုက်ခံရစဉ်က။ (Photos: Supplied) |
ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ ၂၀၂၂
ဖေဖေါ်ဝါရီလ ၁၀ ရက်ကနေ ၁၂ရက်နေ့အထိ စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာဝန်ထမ်းအားလုံးထွက်ခွာဖို့ KNU တပ်မဟာ ၅ သတိပေးထုတ်ပြန်ခဲ့ပြီးနောက် ဖာပွန်ဒေသမှပြန်ထွက်ရန်ကြိုးစားသည့် ဝန်းထမ်းတချို့ကို စစ်ကောင်စီတပ်ဖွဲ့က လမ်းခုလတ်မှာတားမြစ်ပြီး အလုပ်ပြန်ဆင်းခိုင်းတယ်လို့ KNU တပ်မဟာ ၅ နယ်မြေခံသတင်းအရင်းမြစ်ကပြောပါတယ်။
"KNU ဖက်ကလမ်းဖွင့်ပေးထားတယ်။ စစ်ကောင်စီအမှုထမ်းတချို့က ယွန်းစလင်းချောင်းအတိုင်း ကမမောင်းဖက်ကိုပြန်ဆင်းတဲ့အခါမှာ စစ်ကောင်စီတပ်ဖွဲ့က ပြန်ဆင်းခွင့်မပြုဘူး။ ပြန်ဆင်းလာသည့်ဝန်ထမ်းတွေကို ပြန်လှည့်ဖို့ မောင်းထုတ်တယ်" လို့ KNU တပ်မဟာ ၅ နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ယွန်းစလင်းချောင်းလမ်းကြောင်းအတိုင်းပြန်ထွက်လို့မရအတွက် ဘီးလင်း၊ ကျောက်ကြီးနှင့်ရွှေကျင်ဖက်လမ်းကြောင်းတွေကို ဖွင့်ပေးမယ်လို့လည်း အဆိုပါသတင်းအရင်းမြစ်ကဆိုပါတယ်။
"ဖာပွန်မြို့ပေါ်ကအချို့လူထုလည်းထွက်ခွာတာလည်းရှိတယ်။ ထွက်ခွာဖို့အမိန့်ထုတ်ပြန်ပြီးနောက် ဝန်ထမ်းများ CDM လုပ်ချင်လျှင်လာရောင်ပူးပေါင်းလုပ်ဆောင်လို့ရတယ်။ မလုပ်ချင်လည်းရတယ်။ အခုတော့အားလုံးထွက်သွားကုန်ပြီး" သူကပြောပါတယ်။
ဖာပွန်ခရိုင် ကတိုင်တိကျေးရွာဖက်မှာတော့ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့က စစ်အင်အားထပ်မံပို့ဆောင်ထားတာရှိသလို့ နေ့စဉ်နေ့တိုင်း ပစ်ခတ်မှုတွေရှိနေတယ် ဒေသခံတွေပြောပြချက်အရသိရပါတယ်။
Salween Press
No comments:
Post a Comment