ဘီးလင်းမှာ တိုက်ပွဲ ပြင်းထန်၊ ကား ရာနဲ့ချီ ပိတ်မိနေ


မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၃ 

ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်ကြားထဲ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်နေတာကြောင့်  ခရီးသွားကား ရာချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်း  ၂နာရီဝန်းကျင်ခန့်က ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်အစပ်နေရာ အနီးမှာ လက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး လက်နက်ငယ်သံတွေလဲ ကြားနေရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်သံတွေကြောင့် ဘီးလင်းအဝင်နား ရန်ကုန်-မော်လမြိုင်ကားလမ်းနဲ့သိမ်ဆိပ်-လေးကေး ကားလမ်း ၂ ခုကို ပိတ်ထားတဲ့အတွက် လမ်းသွားလမ်းလာ ခရီးသွားယာဉ်တွေပိတ်မိနေတာဖြစ်ပါတယ်။

"ဘီးလင်းအဝင်နားမှာ လမ်းတွေကို ပိတ်ထားတယ်။ လက်နက်ကြီးသံတွေ အဆက်မပြတ်လဲ ကြားနေရတယ်။ ကားတွေလဲ အများကြီးလမ်းမှာ ပိတ်မိနေတယ်။ သိမ်ဆိပ်-လေးကေလမ်းလဲ ပိတ်ထားတယ်။ ယာဉ်တွေသွားလာလို့မရသေးဘူး''လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လတ်တလောအခြေနေမှာ စစ်ကောင်စီတပ်တွေနဲ့ မည်သည့်အဖွဲ့တွေနဲ့ပစ်ခတ်မှုဖြစ်ပွားနေတယ်ဆိုတာ မသိရသေးပါဘူး။ 

အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီး‌တွေကို ဘီးလင်းအခြေစိုက် ဇီးဝန်းကျေးရွာအနီးရှိ အမှတ်(၃၁၄)အမြှောက်တပ် နဲ့ပိန္နဲတောအခြေစိုက် တပ်စခန်းကနေ ပစ်ခတ်တာ‌တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


Than Lwin Times 

ဘီးလင်းမှာ တိုက်ပွဲ ပြင်းထန်၊ ကား ရာနဲ့ချီ ပိတ်မိနေ ဘီးလင်းမှာ တိုက်ပွဲ ပြင်းထန်၊ ကား ရာနဲ့ချီ ပိတ်မိနေ Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.