ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ‌ကိုင်းတွင်း နှင့် လှော်ကားကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့


ဖေဖော်ဝါရီ ၅

ယမန်နေ့က နေ့လည်၁နာရီခွဲလောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ ဒေသခံပျူစောထီးများက ပုလဲမြို့နယ် ကိုင်တွင်းရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်လာခဲ့တာပါ။

တစ်ရွာလုံး ဝင်ရောက်မွှေနှောက် လိုချင်တာတွေ ယူဆောင်ခဲ့ပြီး ည၇နာရီလောက်မှာ မီးစတင်ရှို့ခဲ့ရာ အိမ်‌ခြေ(၁၄၀)ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

ဆိုင်ကယ်များ၊သုံးဘီးလယ်ထွန်စက်များ၊ဆန်စက်၃၊ဆန်စပါးစတဲ့ ကောက်ပဲသီးနှံများ ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့တာပါ။‌မိမိရဲ့ မီးလောင်အိမ်‌‌ရှေ့မှာတင် အသက်၈၀ကျော် ပြည်သူတစ်ဦး ‌သေဆုံးခဲ့ရပါတယ်။

အဆိုပါတပ်သားများက လှော်ကားကြီးရွာကို ည9နာရီကျော်မှာ စတင်ဝင်ရောက်လာခဲ့တာပါ။တစ်ရွာလုံးမွှေနှောက် လိုချင်တာတွေယူပြီး ည1နာရီကျော်မှာ မီးစတင်ရှို့ခဲ့ပါတယ်။

အိမ်ခြေ၅၀၀နီးပါး မီး‌လောင်ပျက်စီးခဲ့ကာ စပါးစက် ၃၊ဆီစက်၂၊ထွန်းစက်များ၊ဆိုင်ကယ်များ၊ကောက်ပဲသီးနှံများ၊ရေစုပ်စက်များ မီးလောက်ကျွမ်းခဲ့ရပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ရပါတယ်။

လှော်ကားရွာ အဖမ်းဆီးခံပြည်သူများထဲမှ ၁ဦး ဓါးနဲ့မွှန်းခံခဲ့ရပြီး ၁ဦးရိုက်နှက်နှိပ်စက်ခံခဲ့ရပါတယ်။


Pale Entertainment

ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ‌ကိုင်းတွင်း နှင့် လှော်ကားကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ‌ကိုင်းတွင်း နှင့် လှော်ကားကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့ Reviewed by THITHTOOLWIN on 19:24 Rating: 5

No comments:

Powered by Blogger.