မိုးကုတ်မြို့ ဂွေးပင်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၆ဦးကျဆုံးပြီး မဟာမိတ် တပ်ပေါင်းစုက ၂ဦးကျဆုံးခဲ့

ဓာတ်ပုံ - FRF

ဖေဖော်ဝါရီ ၁၈ရက်နေ၊ ဂွေးပင်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ရက်နေ့ မန္တလေး-မိုးကုတ် လမ်းပေါ်ရှိ ဂွေးပင်ရွာရှိ ဂွေပင် စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်ပေါင်းစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၆ဦး ကျဆုံးခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုဘက်က ၂ဦးကျဆုံးခဲ့တယ်လို့ မဟာမိတ်တပ်ပေါင်းစုဖြစ်တဲ့ Federal Revolution Forces-FRFက ဒီနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီတိုက်ပွဲဟာ မနက်ပိုင်း ၄နာရီကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကူတွေဟာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ ဂွေးပင်စစ်တပ်ဂိတ်စစ်ဆေးရာ ခရီးသွားပြည်သူများနဲ့ကားများအနီးကို ကျရောက်ခဲ့တာကြောင့် ဂွေးပင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပြည်သူ့လုံခြုံရေးအတွက် တပ်ဆုတ်ခဲ့ရတယ်လို့ ဖော်ပြထားထားပါတယ်။

တိုက်ပွဲဟာ ပြင်းထန်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်က ၂၆ဦးထက်မနည်း ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့သလို မဟာမိတ်တပ်ပေါင်းစုဘက်က ရဲဘော် ၂ဦးလည်း ကျဆုံးခဲ့တယ်လို့ ဆိုထားတယ်။

ရွှေဖီမြေစာရင်းရရှိထားချက်အရ မိုးကုတ်မြို့ပြည်သူ့ဆေးရုံမှာ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၁၆ဦးရှိပြီး ကျပ်ပြင်ဆေးရုံမှာလည်း ဆေးကုသမှုခံယူနေတဲ့ စစ်ကောင်စီတပ်သား ရှိတယ်ဆိုပေမယ့် ရွှေဖီမြေအနေနဲ့ စာရင်းမရရှိထားပါဘူး။

စခန်းတစ်ခုလုံးကျဆုံးခဲ့တဲ့ ဂွေးပင်ရွာ တပ်စခန်းကို စစ်ကောင်စီက လုံခြုံရေးအများအပြားနဲ့ နေရာယူထားလျက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Shwe Phee Myay News Agency 

မိုးကုတ်မြို့ ဂွေးပင်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၆ဦးကျဆုံးပြီး မဟာမိတ် တပ်ပေါင်းစုက ၂ဦးကျဆုံးခဲ့ မိုးကုတ်မြို့ ဂွေးပင်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၆ဦးကျဆုံးပြီး မဟာမိတ် တပ်ပေါင်းစုက ၂ဦးကျဆုံးခဲ့ Reviewed by THITHTOOLWIN on 01:59 Rating: 5

No comments:

Powered by Blogger.