ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေသိမ်းပိုက်၊ အခြားစခန်းတစ်ခုကို ဆက်လက်တိုက်ခိုက်နေ


ပူတာအို - ဖေဖော်ဝါရီ ၁၊ ၂၀၂၂။ 

ပူတာအိုမြိုကနယ် ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်များက ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သိရသည်။

စစ်ကောင်စီအခြေစိုက်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒေသခံများနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို အတည်ပြုသည်။

"ဆွမ်ပီယန်ကျေးရွာက စစ်ကောင်စီစခန်းကို ကေအိုင်အေက ဘာမှမကျန်တော့အောင် မီးရှို့ဖျက်ဆီးလိုက်တယ်၊ အခုတော့ မီးခိုးတလူလူပဲ" ဟု ပြောသည်။ 

အဆိုပါစခန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးနောက် ဆင်ကပ်တောင်ပေါ်ရှိ စစ်ကောင်စီစခန်းကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေသည်ဟု သူက ဆက်ပြောသည်။ 

"ဆွမ်ပီယန်နဲ့ ငါးမိုင်လောက်ဝေးတဲ့ ဆင်ကပ်တောင်ဆိုတဲ့နေရာက စစ်ကောင်စီစခန်းကို ဆက်တိုက်နေတယ်၊ အခုထိတိုက်နေတုန်းပဲ" ဟု ဆိုသည်။ 

ပူတာအိုမြို့နယ်သည် လူဦးရေ ခြောက်သောင်းကျော်ရှိပြီး ဆွမ်ပီယန်ကျေးရွာသည် လူဦးရေ တစ်ထောင်ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။ 


The 74 Media 

ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေသိမ်းပိုက်၊ အခြားစခန်းတစ်ခုကို ဆက်လက်တိုက်ခိုက်နေ ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေသိမ်းပိုက်၊ အခြားစခန်းတစ်ခုကို ဆက်လက်တိုက်ခိုက်နေ Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.