မဲခေါင်၊ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လယ်ကြီးရွာ နှင့် နတ်ခရိုင်ရွာကြား စစ်ကိုင်း _မုံရွာ ကားလမ်းမပေါ် ၌ စစ်ကောင်စီတပ်သား အပြည့်လိုက်ပါလာသော ဒိုင်နာကား တစ်စီးကို ယင်းမာပင်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဖေဖော်ဝါရီ ၃ ညပိုင်းက ရှေ့ထွက်မိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force (SGG)မှ ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မူတွင် မိုင်းထိမှန်ပြီး စစ်ကောင်စီတပ်သားတွေ လိုက်ပါလာသော ကားမှာ ထိုးရပ်သွားပြီး စစ်ကောင်စီတပ်သား ၂၀ နှင့်အထက် သေဆုံးနိုင်ဟု ထုတ်ပြန်သည်။
ထိုစစ်ဆင်ရေးသည် မြင်းမူမြို့နယ် မန်ကျည်းကန်ရွာကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်လာသော စစ်ကောင်စီ အဖွဲ့ကား ၃စီးကို FRF (SGG) ၊People Defence Force Myinmuu (MMUPDF)၊ Sagaing Special Attacking Force (SSA) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment