(နတ်တလင်းမြို့တွင် ၂၀၂၁ ဖေဖော်ဝါရီလကစစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲကိုပြည်သူအများအပြားပါဝင်ဆင်နွှဲခဲ့သည်။ ဓါတ်ပုံ-CJ) |
ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း ပြောက်ကျားတပ်ဖွဲ့ Phoniex PDF က ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(ဖေဖော်ဝါရီ ၁၇)ညနေပိုင်းက ပဲခူးရိုးမအနီး ရေကြည်အိုင်ရွာမှ သရက်မြိုင်ရွာဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
"တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် စစ်ခွေး ၂ လောင်းကျန်ခဲ့ပြီး ၃ လောင်းကို ဆွဲသွားကြောင်း အတည်ပြုသတင်းရရှိပါသည်"ဟု Phoniex PDF က အသိပေးသည်။
ယခုနှစ် ဇန်နဝါရီလကလည်း အထက်ပါရေ ကြည်ရွာတွင် လာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ယာယီစခန်းကို နတ်တလင်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ Phoniex PDF က ရှော့တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသော Phoniex PDF က ပဲခူး တိုင်းအနောက်ခြမ်းရှိ အခြားရဲဘော်များလည်း ထကြွပေးကြရန် တိုက်တွန်းထားသည်။
People's Spring
No comments:
Post a Comment