ဆောမြို့နယ် ကြံ့ခိုင်ရေးရုံးနှင့် စစ်ကောင်စီဌာန ဆိုင်ရာရုံးများ ပေါက်ကွဲမီးလောင်

ဓာတ်ပုံ -Gangaw Youths Voice

ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၂၂ ခုနှစ်။

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးနှင့် အစိုးရရုံးများ ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲ မီးလောင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ဆောမြို့နယ် ကြံ့ခိုင်ရေး ရုံး၊ မီးသတ်ရုံး၊ သစ်တောရုံး၊  စည်ပင်ရုံး၊ ကြံ့ခိုင်ရေးရုံးပိုင်  G99 Restaurant နှင့် စိုက်ပျိုးရေးရုံးများတွင် ပေါက်ကွဲ၍ မီးလောင်မှုများဖြစ်ခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ်က သံလွင်ခက်ကို ပြောသည်။ 

ဆောမြို့တွင် ယနေ့နံနက် ၁၂နာရီခွဲခန့်အချိန်၌ ထိတွေ့မှုအချို့ရှိခဲ့ပြီး မနက် ၃နာရီကစ၍ ရုံးများ၌ မီးလောင်ခဲ့ခြင်း ဖြစ်ပြီး နံနက် ၁၀နာရီခွဲခန့်ထိ မီးလောင်နေဆဲဖြစ်သည်ဟု သိရသည်။

" ပြည်သူတွေတော့ အိမ်အပြင်သိပ်မထွက်ရဲကြသေးဘူးခင်ဗျ။ စစ်တပ်ကလည်း ထွက်မလာသေး ဘူးလို့ပြောပါတယ် " ဟု ဒေသခံသတင်းရင်းမြစ်က နေ့လည် ၁၂ နာရီခန့်တွင်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်ရေးမေးမြန်းခဲ့ရာ၌ မြေပြင်စစ်ဆင်ရေးတပ်ဖွဲ့ဝင်များထံမှ အခြေအနေအတိအကျ မသိရှိရသေးဟု နေ့လည် ၁၂ နာရီခန့်တွင် ပြောသည်။


သံလွင်ခက် - Than Lwin Khet News

ဆောမြို့နယ် ကြံ့ခိုင်ရေးရုံးနှင့် စစ်ကောင်စီဌာန ဆိုင်ရာရုံးများ ပေါက်ကွဲမီးလောင် ဆောမြို့နယ် ကြံ့ခိုင်ရေးရုံးနှင့် စစ်ကောင်စီဌာန ဆိုင်ရာရုံးများ ပေါက်ကွဲမီးလောင် Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.