မြိုင်မြို့နယ် ညောင်ပင်သာရွာကို အာဏာသိမ်းတပ်က လက်နက်ကြီးပစ်၍ဝင်လာပြီး နေအိမ်များ ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများ ယူသွား


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ပင်သာကျေးရွာကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် နေအိမ်များကို ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများ ရှာဖွေခိုးယူသွားကြကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် ရွှေဓါးဗိုလ်အဖွဲ့က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်သည် ဇန်နဝါရီလ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် ရွာထဲမှ ထွက်သွားကြသော်လည်း ဒေသခံများမှာ လုံခြုံရေးအရ ပြန်မလာရဲသေးဘဲဖြစ်နေကြောင်း သိရသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်သည်ဟု ကြွေးကြော်နေတတ်သည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ဒေသမရွေး ၎င်းတို့ရောက်ရာနေရာတိုင်းတွင် လူမျိုးဘာသာမရွေးတို့၏ ပိုင်ဆိုင်မှုပစ္စည်းများကို ဖျက်ဆီး၊ ယူငင်မှုများလုပ်နေသည်ကို တွေ့နေရသည်။


Tachileik News Agency 

မြိုင်မြို့နယ် ညောင်ပင်သာရွာကို အာဏာသိမ်းတပ်က လက်နက်ကြီးပစ်၍ဝင်လာပြီး နေအိမ်များ ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများ ယူသွား မြိုင်မြို့နယ် ညောင်ပင်သာရွာကို အာဏာသိမ်းတပ်က လက်နက်ကြီးပစ်၍ဝင်လာပြီး နေအိမ်များ ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများ ယူသွား Reviewed by THITHTOOLWIN on 22:23 Rating: 5

No comments:

Powered by Blogger.