ရန်ကုန်၊ ဖေဖော်ဝါရီ ၉
မင်္ဂလာဒုံမြိုနယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လင်း ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဦးဇော်လင်းနှင့် ရာအိမ်မှူးတစ်ဦးမှာ မနက်ရုံးဖွင့်ရန်လမ်းလျှောက်လာစဥ် သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ရာအိမ်မှူးကတော့ မသေဘူး။ အုပ်ကြီးကတော့ သေနတ်သုံးချက်အပစ်ခံရပြီး ပွဲချင်းပြီးသေတယ်။ ပစ်သတ်ခံရပြီး စစ်လား၊ မေးလားတွေလုပ်နေလို့ အပြင်မထွက်ရဲကြဘူး"ဟု အဆိုပါကျေးရွာတွင် နေထိုင်သူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
သင်္ဃန်းကျွန်းကြီးကျေးရွာတွင် ယမန်နှစ်ကလည်း ရာအိမ်မှူးတစ်ဦးပစ်သတ်ခံရပြီး ယခုဖြစ်စဉ်မှာ ဒုတိယအကြိမ်မြောက် ပစ်ခတ်မှုဖြစ်သည်။
သေနတ်ဖြင့်ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးဦးဇော်လင်းမှာ စစ်ကောင်စီတပ်နှင့်အဆက်အသွယ်အမြဲရှိသူဖြစ်၍ ရာထူးမှနုတ်ထွက်ရန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲများ၏ အကြိမ်ကြိမ်သတိပေးခံရသူလည်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မင်္ဂလာဒုံမြိုနယ်တွင် ယမန်နှစ်ကလည်း ကုန်းတလဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရသည်။
Lu Nge Khit
No comments:
Post a Comment