ငါန်းဇွန် မြို့သာတွင် ဆိုင်ကယ်စီးနေသော အရပ်သားပြည်သူတစ်ဦးကို စစ်အုပ်စုက ပစ်သတ်၊

ဖေဖေါ်ဝါရီ(၁)ရက်က Silent Strike ဆင်နွှဲနေသော ငါန်းဇွန်မြို့နယ် မြို့သာမြို့/ Photo – CJ

ဖေဖေါ်ဝါရီ - ၂

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာတွင် ယမန်နေ့ ညဦးပိုင်းက ဆိုင်ကယ်စီး သွားလာနေသော အမျိုးသား တစ်ဦးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ကြောင်း ဒေသခံများက ပြောသည်။

ဖေဖေါ်ဝါရီ(၁)ရက် ည(၈)နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာအ‌နောက်ရွာမှ ကိုဝေယံကျော် ဆိုသူသည် ဆိုင်ကယ်စီးနင်း သွားလာနေစဉ် စစ်အုပ်စုက သေနတ်ဖြင့် ငါးချက်အထိ ပစ်ခတ်ကာ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆိုင်ကယ်တားသည်ကို ရပ်မပေးသည့်အတွက်ဟုဆိုကာ ပစ်သတ်ခြင်း ဖြစ်ကြောင်းနှင့် မြို့သာ ချောင်းအနီးတွင် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု သတင်းကြားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“Dead Body (အလောင်း)ကို ငါန်းဇွန်သို့ သယ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ သေနတ်ဒဏ်ရာ ၅ချက်ဖြင့် ကွယ်လွန်ကြောင်း သတင်းရရှိပါသည်” ဟု ငါန်းဇွန်သတင်းစုံက ဖော်ပြသည်။

စစ်အုပ်စုသည် လမ်းပေါ်သွားလာနေသည့် အရပ်သားပြည်သူများကို နေ့၊ည အချိန်မရွေး မထင်ရင် မထင်သလို ပစ်ခတ် သတ်ဖြတ်နေသလို တောရော မြို့ပါမရှောင် လမ်းသွားလမ်းလာများကို ဖမ်းဆီး ငွေညှစ်ခြင်း၊ ရိုက်နှက် နှိပ်စက်ခြင်းများလည်း ထင်တိုင်းကျဲ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့်လပိုင်းကလည်း မန္တလေးမြိုကပေါ် ဆိုင်ကယ်စီး သွားလာနေသူများ နှစ်ညဆက်တိုက် ပစ်ခတ်သတ်ဖြတ် ခံခဲ့ရသေးသည်။


Mandalay Free Press - MFP

ငါန်းဇွန် မြို့သာတွင် ဆိုင်ကယ်စီးနေသော အရပ်သားပြည်သူတစ်ဦးကို စစ်အုပ်စုက ပစ်သတ်၊ ငါန်းဇွန် မြို့သာတွင် ဆိုင်ကယ်စီးနေသော အရပ်သားပြည်သူတစ်ဦးကို စစ်အုပ်စုက ပစ်သတ်၊ Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.