ပုလဲနယ်မှာ စစ်အုပ်စုက ရွာလုံးကျွတ်မီးရှို့လို့ ဗိုလ်မှူးနဲ့ စစ်သား(၁၅)ဦးရဲ့ အိမ်တွေပါ မီးလောင်ပြာကျ၊
စစ်ကိုင်းတိုင်း ပုလဲမြိုနယ် လှော်ကားကျေးရွာက နေအိမ်တွေကို စစ်ကောင်စီက မီးရှိဖျက်ဆီးခဲ့ရာမှာ စစ်ကောင်စီ လက်အောက်မှာ လက်ရှိ တာဝန်ယူနေဆဲ စစ်သားတွေရဲ့ နေအိမ်တွေလည်း မီးလောင်ပြာကျ သွားတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၄)ရက်ညပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအုပ်စုဟာ အိမ်ခြေ(၈၀၀)ကျော်ရှိတဲ့ လှော်ကားကျေးရွာကို ရွာလုံးကျွတ် မီးတင်ရှို့ခဲ့ပြီး အိမ်ခြေ(၄၀၀)ကျော် မီးလောင်ပြာကျခဲ့တာပါ။
အဲဒီလို မီးရှို့ခံရတဲ့ နေအိမ်တွေထဲမှာ လှော်ကားရွာသားတွေ ဖြစ်ပြီး လက်ရှိ စစ်ကောင်စီ သစ္စာခံဖြစ်တဲ့ စစ်သား (၁၅)ယောက်ရဲ့ နေအိမ်တွေလည်း မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်မီးရှို့ခံရတဲ့အထဲမှာ ဗိုလ်မှူးဟန်ဝင်းရဲ့အိမ်နဲ့ သူရဲ့ မိသားစု၊ ဆွေမျိုးတွေရဲ့ အိမ်တွေလည်း မီးလောင် ပြာကျတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပုလဲမြိုနယ်အတွင်းက မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတွင်းနဲ့ လှော်ကားဆိုတဲ့ ကျေးရွာလေးရွာကို ဖေဖောဝါရီ(၁)ရက်ကနေ (၄)ရက်အတွင်း ရွာလုံးကျွတ်နီးပါး မီးရှိဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေထောင်ချီ မီးလောင်ပြာကျခဲ့တာပါ။
စစ်အုပ်စု မီးရှို့တာကြောင့် စကစ သစ္စာခံ လက်နက်ကိုင်တွေရဲ့ အိမ်တွေ အပါအဝင် လှော်ကားရွာက အိမ်ခြေ(၄၀၀)ကျော်၊ ပန်းရွာက အိမ်ခြေ(၁၅၀)ကျော်၊ ကိုင်းတွင်းက အိမ်ခြေ (၁၀၀)နီးပါးနဲ့ မွေ့တုံရွာက အိမ်ခြေ(၂၀၀)နီးပါး မီးလောင်းပြာကျခဲ့ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ(၁၈)ရက်ကလည်း ပုလဲနယ်က အိမ်ခြေ(၄၀၀)လောက်ရှိတဲ့ ချောင်းဦးရွာကို စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုက ရွာလုံးကျွတ်နီးပါး မီးရှိဖျက်ဆီးခဲ့ပါသေးတယ်။
ပုလဲနယ်က ရွာတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးရာမှာ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေရဲ့ အိမ်တွေပါ ရောပြီး မီးလောင်ပြာကျသွားတဲ့အကြောင်း MFP က တင်ဆက်ထားတဲ့ သတင်းကို ရုပ်သံအနေနဲ့ ကြည့်ရှု့နိုင်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment