ဓာတ်ပုံ- မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များ |
ပုလဲ၊ ဖေဖော်ဝါရီ ၂
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ပုလဲမြို့နယ် မွေတုံရွာ အိမ်ခြေ ၂၀၀ ကျော်နှင့် ပမ်းရွာမှ အိမ်ခြေ ၁၀၀ ကို ဇန်နဝါရီ ၃၁ ရက် ညက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
" မွေတုံရွာကို ဒီစခတွေက ည ၇ နာရီကနေ ၁၁ နာရီ အထိ ရှို့တာ။ ပြီးတော့ ပမ်းရွာကို ည ၁ နာရီမှ သွားပြီး အိမ် ခြေ ၁၀၀ ကျော် ရှို့ခံရတယ်။ မီးလောင်ပြင်တွေဖြစ်နေပြီ" ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်ကိုပြောသည်။
မွေတုံရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား (၁၀၀) ကျော်ဖြင့် လာရောက်တပ်စွဲခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
" ရွာမှာ ကျန်ခဲ့တဲ့ ကြက်၊ ဝက်တွေကတော့ ခွေးဆွဲပြီးလား မီးထဲပါသွားပြီးလား မသိဘူး။ အိမ်လည်းမီးရှို့ခံရတဲ့အထဲ ပါသွားပြီထင်တယ်" ဟု ဒေသခံရွာသားတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
လက်ရှိတွင် မွေ့တုံရွာနှင့်ပမ်းရွာမှ ဒေသခံရွာသူရွာသား ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
Lu Nge Khit
No comments:
Post a Comment