ဓါတ်ပုံ CJ |
ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တောင်တွင်းဒေသ ပျားသုန်းကျေးရွာကို အင်အား (၁၀၀)ခန့်ဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်ကာ လူနေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီကျေးရွာရှိလူနေအိမ် (၅) လုံးကို ဖေဖော်ဝါရီ ၁၁ ရက်ဒီကနေ့ ၁၂ နာရီကစတင်ကာဝင်ရောက်မွှေနှောက်ခဲ့တာဖြစ်ပြီး ရွှေ( ၂) ကျပ်ခွဲသားနှင့် ငွေသား( ၁၀)သိန်းခန့်ယူဆောင်သွာကာ နောက်တစ်ခါလာလို့လူမရှိရင်အိမ်တွေမီးရှို့မယ်လို့လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်ခဲ့သေးတယ်လို့ အဲ့ဒီဒေသခံတစ်ဦးထံက သိရပါတယ်။
"အင်အား (၁၀၀) လောက်နဲ့ဝင်မွှေတာဗျ လူနေအိမ်(၅)လုံးဖျက်ဆီးထားခဲ့တယ် ။အဲ့ဒီအိမ်တွေကရွှေ (၂)ကျပ်ခွဲသားနှင့် ငွေသား (၁၀)သိန်းခန့်ပါသွားတယ်။ ကြက်ဥတွေရောယူသွားတယ် နောက်တစ်ခါလာလို့လူမရှိရင် ။တစ်ရွာလုံးမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်သွားသေးတယ်ဗျ။ဟု အဲ့ဒီဒေသခံတစ်ဦးက မျက်မှောက်ခေတ်ကိုပြောပါတယ်။
မင်းကင်းနယ်တောင်တွင်းဒေသကို အကြမ်းဖက်စစ်ကောင်စီ အင်အား (၂၀၀) ကျော်ခန့်ဖြင့်တပ်စွဲနေထိုင်ကာ ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွါရှောင်တိမ်းနေရသည်ဟု အဲ့ဒီဒေသခံကဆိုပါတယ်။
မျက်မှောက်ခေတ်
No comments:
Post a Comment