ချောင်းဦးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရမှုကြောင့် ၃ဦးထပ်မံသေဆုံး


ဖေဖော်ဝါရီ၆ ၊မုံရွာ 

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ငါးရှန်နှင့်နတ်ရေကန်ကြားတွင် ယမန်နေ့ဖေဖော်ဝါရီ၃ရက်နေ့ ညနေ၂နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရှိရပါသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် PDFများ၏မိုင်းကွင်းထဲသို့ရောက်ရှိလာကာ အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေရာမှာတွင်ပွဲချင်ပြီး၃ဦးသေဆုံး၍ တပ်သား၃ဦးထပ်မံသေဆုံးကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကို Chaung U Local Defence Force ၊ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army ၊Farmers Revolution Force CHU ၊ဗိုလ်မိုးကြိုး နှင့် အဖွဲ့သားများ ၊Monywa Lightning PDF၊ Monywa Underground Revolution ၊Black Wolf Defence force၊Black Eagle People's Defence Force၊Dragon Brother's People's Defence Force၊Monywa Brave Hearts-MBH တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။


Chindwin Yoma Media

ချောင်းဦးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရမှုကြောင့် ၃ဦးထပ်မံသေဆုံး ချောင်းဦးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရမှုကြောင့် ၃ဦးထပ်မံသေဆုံး Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.