(ကလေးမြို့တွင် ဖော်ဖော်ဝါရီ ၁ ရက်က အသံတိတ်သပိတ်ကို တစ်မြို့လုံးပါဝင်ဆင်နွှဲခဲ့သည်။ ဓါတ်ပုံ-CJ) |
ကလေးမြို့တွင် ယနေ့ညတိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများကျယ်လောင်စွာကြားနေရကြောင်းဒေသခံများကပြောသည်။
ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်အရွှေ့အပြောင်း အမြောက်အများပြုလုပ်နေကြောင်းလည်း ကလေးမြို့ခံများကပြောသည်။
ယနေ့ည ၇ နာရီခန့်မှစတင်ပြီး ကလေးမြို့အတွင်း တိုက်ပွဲကြီးဖြစ်နေသကဲ့သို့ ပေါက်ကွဲသံများနှင့်ပစ်ခတ်သံများ တစ်မြို့လုံးဆူညံနေပြီး ည ၉နာရီအထိ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တပ်အပြောင်းအရွှေ့ ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
“အခုညတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေက စက္ကန့်မလပ်ပစ်ခတ်နေတယ်။ သူတို့က အထိနာနေလို့ လက်နက်ကြီးတွေပစ်နေတာ။ တမြို့လုံးလဲကြောက်လန့်နေတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
လက်ရှိပစ်ခတ်မူများသည် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်နိုင်သည်ဟု အထက်ပါမြို့ခံကပြောသည်။
“လက်နက်ကြီးတွေ ပစ်နေတဲ့ အကြိမ်အရေအတွက်အရဆိုရင် စစ်တပ်ကလူတွေ အထိနာနေပြီဆိုတာတွက်လို့ရပါတယ်။တမြို့လုံးကတော့ စစ်ပွဲထဲကို ရောက်နေတဲ့အတိုင်းဘဲ”ဟု အခြားကလေးမြို့ခံတစ်ဦးကလည်းပြောသည်။
လက်ရှိတွင် ကလေးမြို့တောင်ပိုင်းသို့ စစ်ကားများမောင်းနှင်သွားပြီး မြို့တွင်းတွင်လည်း ကင်းပုန်းများ ချထားသည်ဟု ကလေးမြို့ခံများကပြောသည်။
“ဒီညတော့ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ အကျအဆုံးများတယ်”ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူတစ်ဦးပြောသည်။ လက်ရှိတွင်လည်း နှစ်ဖက်ထိပ်တိုက်တွေ့သည့် အနေအထားဖြစ်နေ၍ အသေးစိပ်ကို မသိရသေးဟု ၎င်းကဆက်ပြောသည်။
ကလေးPDF ၊ CDF(ကလေး၊ ကဘော်၊ဂန့်ဂေါ် ) စသောဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ည တိုက်ပွဲနှင့်ပါတ်သပ်၍ ည ၁၁ နာရီအထိ့ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ကလေးမြို့တွင်း စစ်ရေးတင်းမာလျက်ရှိပြီး ယမန့်နေ့ မနက် ၆ နာရီခန့်က ဒေသခံကာကွယ်ရေးတပ်များက ကလေးမြို့တောင်ပိုင်း ကြံသာရွာတွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို သွားရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့သည်။ ဒေသခံကာကွယ်ရေးတပ်မှ နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။
ထိုအပြင် ယမန်နေ့ည ၁၀ နာရီခန့်တွင်လည်း ကလေးမြို့တောင်ပိုင်းကိုမောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟုသည် PDF(ကလေး)ကထုတ်ပြန်ထားသည်။
People's Spring
No comments:
Post a Comment