လောင်းရှည်ဒေသ ၂ ရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီလက်ပါးစေ ၄ ဦး သေဆုံး


ချင်း၊ ဖေဖော်ဝါရီ ၂၀

ချင်း-စစ်ကိုင်းနယ်စပ် လောင်းရှည်ဒေသ ဆွဲလွဲကျင်းကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီနှင့်ဒေသခံတော်လှန်ရေးတပ် အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ နှင့် ၁၉ ရက်အတွင်း နှစ်ရက်တာတိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီလက်ပါးစေ ၄ ဦး သေဆုံးခဲ့ကြောင်း Laung She Regionanl People’s Defence Force မှ ယနေ့ ထုတ်ပြန်သည်။

Laung She Regionanl People’s Defence Force နှင့် ခေါနူးမဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ချင်းပြည်နယ် နယ်ခြား တဝိုက်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တာဝေးပစ်လက်လုပ် လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

အကြမ်းဖက်စစ်‌ကောင်စီဖက်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန် ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် လောင်းရှည်မြို့အနီး အများပြည်သူသွားလာမှုများသည့် လယ်ခင်းနားတွင်ကျရောက်နေသည့် (၆၀) မမ ဗုံးသီးကို ဖယ်ရှားပြီးဖြစ်သော်လည်း စိတ်ချလုံခြုံမှုရှိစေရန် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခဲ့ရာ မပေါက်ကွဲမပျက်စီးဘဲ ရှိ နေခြင်းကြောင့် ဘေးလွတ်ရာနေတစ်ခုကို လုံခြုံစိတ်ချရအောင် စီမံသိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။


Lu Nge Khit

လောင်းရှည်ဒေသ ၂ ရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီလက်ပါးစေ ၄ ဦး သေဆုံး လောင်းရှည်ဒေသ ၂ ရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီလက်ပါးစေ ၄ ဦး သေဆုံး Reviewed by THITHTOOLWIN on 01:25 Rating: 5

No comments:

Powered by Blogger.