မုံရွာ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောရွာက စစ်ကောင်စီသတင်းပေးအမျိုးသားတဦး ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မနက် ၆ နာရီမှာ ဓါးနဲ့ထိုးခံရပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
ပျူစောထီးသင်တန်းဆင်းလည်းဖြစ်၊ စစ်ကောင်စီကိုလည်းသတင်းပေးတိုင်ကြားတာတွေလုပ်နေတဲ့ ကိုဇော်မိုးလွင် ဆိုသူဟာ CDM ဆရာမတဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေနဲ့ အတူ သွားရောက်ဖျက်ဆီးပြီးနောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ဒီနေ့မနက်အစောပိုင်းကျမှ ချင်းတွင်းမြစ်ထဲမှာ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဗိုလ်စနေရှင်းလင်းရေးအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။
“ ကျနော်တိုမိတဲ့အချိန်မှာ သူ့ကို စစ်တယ်၊ မေးတယ်၊ စစ်ကောင်စီတွေစစ်ကြောင်းထိုးလာတာက သူကလမ်းတဝက်ကနေစောင့်ပြီး လိုက်လာတယ်၊ ဆရာမအိမ်ရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို သူက ရွာခံဆိုတော့ ပိုသိတာ၊ နောက်ပြီး သူနဲ့ပါလာတဲ့ အဖော်တွေလည်း ကျနော်တို့ကို ပြောပြသွားပြီ၊ ကျနော်တို့သူ့ကိုရှင်းလင်းခဲ့တာ၊ ချင်းတွင်းမြစ်ထဲမှာပါ၊ ဓါးနဲ့ပဲ၊ ပြီးတော့ ငါးစာကျွေးလိုက်တယ်၊ “ လို့ ပြောပါတယ်။
ရှေ့ဆက်ပြီးတော့လည်း စစ်ကောင်စီနဲ့ စစ်ကောင်စီသတင်းပေးတွေကို ရှင်းလင်းသုတ်သွားမှာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၃ နာရီကလည်း ချောင်းဦးမြို့နယ်၊ ယာကြီးတောရွာက စစ်ကောင်စီသတင်းပေး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ရှင်းလင်းခဲ့သေးတယ်လို့ ဗိုလ်စနေရှင်းလင်းရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment