ကျောက်ထု၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၂။
ကျောက်ထုအမြှောက်တပ်မှထွက်လာသည့် ယာဉ်တန်းနဲ့ ပခုက္ကူဘက်မှ ထွက်လာသည့်ယာဉ်တန်းအား ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျောက်ထု PDF အဖွဲ့မှ ၂ နေရာခွဲတိုက်ခဲ့ရာ ကား ၁ စီးမိုင်းထိသွားကြောင်း Kyaukhtu Regional People Defence Force တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ပခုက္ကူမှ ကား ၂၄ စီး၊ ကျောက်ထုအမြှောက်တပ်ထဲကနေ ၁၄ စီး ထွက်ခွါခဲ့ခြင်းဖြစ်ပြီး၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းဆိုပါတယ်။
"သူတို့တွဲကားတွေနဲ့ ၁၂ ဘီးကားတွေနဲ့ ကျောက်လေယာဉ်ကွင်းမှာ ပြင်နေတဲ့ဘက်ဖိုးကားတွေပေါ့နော် ပစ္စည်းတွေတင်ပြီးတော့ ထွက်လာတယ်။ ကျောက်ထုနဲ့ ပုံတောင်ကြားပေါ့ အဲဒီမှာမိုင်းဆွဲတာဗျ။ ပခုက္ကူကလာတဲ့ ကားတန်းကိုတော့ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ပစ်တာဗျ၊ ကျနော်တို့ ၂ နေရာ ၂ ဖွဲ့ခွဲပြီးညက်ပစ်တာပေါ့၊ နေရာ ၂ နေရာမှာအပြန်အလှန် ပစ်ခတ်တာလည်းရှိတယ်၊ လက်နက်ကြီးနဲ့ကျနော်တို့ဘက်က ပစ်တာလည်းရှိတယ်၊ ကား ၁ စီးကိုတော့ထိသွားတယ်၊ ကား ၁ စီးကိုတခြားကားနဲ့ ဆွဲသွားရတယ်၊" လို့ Kyaukhtu Regional People Defence Force တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံမှုကို မသိရသေးပဲ ဖေဖော်ဝါရီလ ၄ ရက်နေ့တိုက်ပွဲမှာ မိုင်း ၈ လုံးဆွဲတိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးကြောင်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment