ဓာတ်ပုံ - မဓုရကျေးရွားအား Google Earth မှ မြင်ရစဉ် |
မြင်းမူ၊ ဖေဖော်ဝါရီ (၁၃)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် စစ်ကောင်စီလက်အောက်ရှိ မဓုရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဘိုကို ဒလန်ဖြစ်ကြောင်း ထင်ရှားသည့်အတွက် သုတ်သင်လိုက်သည်ဟု မြင်းမူအနက်ရောင်သိမ်းဌက်တပ်ဖွဲ့က ယနေ့ဖေဖေါ်ဝါရီ (၁၃) ရက်တွင် ထုတ်ပြန်လိုက်သည်။
“စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးသည် မကျီးကန်ကျေးရွာတွင်း စစ်ကောင်စီတပ်များက ဝင်ရောက်စဉ် ထိပ်ဆုံးမှာပါဝင်ခဲ့သူ၊ မဓုရကျေးရွာမှ ပြည်သူ့ရဲဘော်တစ်ဦးကို လက်ထောက်ချသဖြင့် ပစ်သတ်ခံရမှု၏ တရားခံဖြစ်သူ၊ ပျူစောထီးအဖွဲခေါင်းဆောင်အဖြစ် ကျော်ကြားသူ စသည့် ခိုင်မာသည့်အထောက်ထားများကြောင့် နှုတ်ခမ်းနီးတစ်တောင့်ဆိုးပေးခဲ့ပြီး ဌက်ကြီးတောင်ဓါးငါးချက်ဖြင့် ငရဲပြည်ပို့ဆောင်ပေးခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြင်းမူမြိုနယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင်များအနေဖြင့်လည်း အုပ်ချုပ်ရေးမှူးဝင်းဘိုကို စံနမူနာယူကြရန်လည်း နောက်ဆုံးအကြိမ် သတိပေးထားသည်။
ယခုသုတ်သင်ခံရသည့် အုပ်ချုပ်ရေးမှူးမှာ စစ်ကောင်စီသတင်းပေးဟုတ်မဟုတ်ကိုမူ လူငယ့်ခေတ်အနေဖြင့် သီးခြား အတည်မပြုနိုင်ခဲ့ပေ။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၃) ရက်က မြင်းမူမြိုနယ် မဓုရ၊ နဘဲကြူး၊ မကျီးကန်စသည့် ကျေးရွာများသို့ စစ်ကောင်စီလက်ပါးစေများနှင့် ပျုစောထီးဒလန်များက မွှေနှောက်သောင်းကျန်ခဲ့ပြီး (၈) တန်းကျောင်းသားအပါအဝင် ရွာသား (၄) ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Lu Nge Khit
No comments:
Post a Comment