မန္တလေးမှ မုံရွာသို့သွားနေသော စကစယာဉ်တန်းအား မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်၊ စကစဘက်မှ ကားတစ်စီး ထိခိုက်ပျက်စီး


ဖေဖော်ဝါရီ ၆ 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလက္ကပ္ပကျေးရွာကြားတွင် မန္တလေးမှ မုံရွာသို့သွားနေသော စစ်ကောင်စီယာဉ်တန်း အစီး (၂၀) အား ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ ၊  မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOM၊ Black Eagle Defence Force-MMU နှင့် People Defence Force Myinmu-MMUPDF တို့မှ ပူးပေါင်းကာ မိုင်း (၈) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းမှ တတိယမြောက်ယာဉ်သည် ဆိုးရွားစွာထိခိုက်ပျက်စီး  သွားပြီး စစ်ကောင်စီတပ်သား အသေအပျောက်စာရင်းကိုမူ အတိအကျ မသိရသေးကြောင်း မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ကထုတ်ပြန်သည်။

စစ်ဆင်ရေးအတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။


PDF Newsflash

မန္တလေးမှ မုံရွာသို့သွားနေသော စကစယာဉ်တန်းအား မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်၊ စကစဘက်မှ ကားတစ်စီး ထိခိုက်ပျက်စီး မန္တလေးမှ မုံရွာသို့သွားနေသော စကစယာဉ်တန်းအား မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်၊ စကစဘက်မှ ကားတစ်စီး ထိခိုက်ပျက်စီး Reviewed by THITHTOOLWIN on 21:59 Rating: 5

No comments:

Powered by Blogger.