ဆွမ်ပီယာန်အနီး ရှိန်ဂတ်ဘွမ်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ပုံ​ - ဟောင်းဖြစ်ပါသည်။

19 February 2022

ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ဆွမ်ပီယန်ကျေးရွာအနီးက ရှိန်ဂတ်ဘွမ်က စစ်ကောင်စီတပ်စခန်းကို  ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်တို့က သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ 

ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီတပ်ဘက်က တပ်သား ၅ ဦး ​သေဆုံး​ကြောင်းလည်း သိရသည်။ 

ရှိန်ဂိတ်ဘွမ်ရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတပ်နှင့် PDF ပူးပေါင်းတပ်တို့ ယ​နေ့ နံနက်ပိုင်း ၁၁ နာရီမှစတင်ပြီး သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း ရှိန်ဂတ်ဘွမ်ရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတပ်မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်တပ်ကြပ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့‌ေကြာင်း သိရသည်။


Kachinwaves 

ဆွမ်ပီယာန်အနီး ရှိန်ဂတ်ဘွမ်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ ဆွမ်ပီယာန်အနီး ရှိန်ဂတ်ဘွမ်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.