ဓာတ်ပုံ - CJ |
မအူပင်၊ ဖေဖော်ဝါရီ ၁၅ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်က မီတာခမဆောင်သည့်အိမ်များအား မီဖြတ်တောက်ရုံတင်မက ထောင်ချမည်ဟု စစ်ကောင်စီ ခြိမ်ခြောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
" သူတို့ကလက်နက်အားကိုးပြီး ပြည်သူတွေကိုအနိုင်ကျင့်နေတာ။ မီတာခမဆောင်ရင် မီးဖြက်ပေါ့။ လျှပ်စစ်ဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း EPC ကတာဝန်ရှိတဲ့သူတွေကလုပ်မှာပေါ့။ ခုအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းတွေပါ ဝင်လုပ်နေကြပြီး ခြိမ်းခြောက်ငွေရှာနေကြတာ" ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မအူပင်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဒေသခံပြည်သူများအပေါ် အကြောင်းမဲ့ ဖမ်းဆီးကာ ငွေတောင်းခံကာ ပြန်လွှတ်ပေးမှုများ အများအပြားပြုလုပ်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အတွင်း လျှပ်စစ်သုံးစွဲသူများအနေဖြင့် မီတာခ မဆောင်ပါက မီတာ မီးလိုင်းဖြက်တောက်ရန်မက ထောင်ပါချပစ်မယ်ဟု စစ်ကောင်စီ တပ်မှ ခြိမ်းခြောက်မှု့များ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက မအူပင်မြို့နယ်က NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အချို့၊ ပါတီဝင်အချို့၊ ပါတီထောက်ခံသူအချို့နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ဒေသခံပြည်သူများအား လိုက်လံဖမ်းဆီးနေမှုကြောင့် အများစုမှ ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment