မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
ကောလင်းမြို့တွင်း ကင်းလှည့်နေသည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီလ ၂၁ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကောလင်းမြို့တွင်းကင်းပတ်လာသော စစ်ကောင်စီယာဉ်တန်း အသေး၂စီး၊ အကြီးတစ်စီး ကင်းပတ်နေစဉ် ကောလင်းမြိုအရှေ့ဘက် ဆောက်လက်စ ကားကြီးကွင်းအရှေ့ ရွှေမင်းဝံလမ်းမကြီး ပေါ်တွင်မိုင်းဆွဲခဲ့ရာ နောက်ဆုံးမှပါလာသည့် ကားအကြီးကို
ထိခိုက်ခဲ့ပြီး ကားနောက်ခန်းတွင်ပါလာသော စစ်ကောင်စီတပ်သား ၁၃ ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ကားခေါင်းခန်းမှာပါလာတဲ့ ဒုရဲအုပ်တစ်ယောက်က သက်သာရာရသွားတယ်။ နောက်ခန်းက စစ်ခွေး ၁၃ကောင်သေတယ်။ သေတဲ့ထဲမီးသတ် ၃ဦးပါတယ်။ အရပ်ဝတ်နဲ့။ အဲ့ကောင်တွေလည်း သေနတ်ကိုင်ထားတယ်” ဟု၎င်းက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို စစ်ကောင်စီတပ်များက တာယာကွင်းများမီးရှို့ကာ ဖျောက်ဖျက်ခဲ့ပြီး ပြည်သူ ၇ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများသည် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် ကာကွယ်ပေးရင်း နေ့စဉ် ရာနှင့်ချီသေဆုံးလျှက်ရှိသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment