စစ်ယာဉ်တန်းကို ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်၊ သုံးဦးပွဲချင်းပြီးသေ


ရွှေဘို၊ ဖေဖော်ဝါရီ ၈

ရွှေဘိုဖက်သို့ဦးတည်မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်း ဖက်စစ်ကောင်စီလက်ပါးစေ သုံး ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နေလစကြာ်(ရွှေဘို) PDF က ဖေဖော်ဝါရီ ၈ ရက်တွင်သတင်းထုတ်ပြန်သည်။ 

ရွှေဘို - ကျောက်မြောင်းလမ်းပိုင်း၊ ကျောက်မြောင်းဘက်မှ ရွှေဘိုဘက်သို့မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၇ ရက် ၊ ညနေပိုင်းက တအုံကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နေလစကြာ်(ရွှေဘို) PDF မှသိရသည်။ 

“မိုင်းရှေ့ထွက် ၆ လုံးနဲ့ ဆွဲတာဗျ။ နှစ်စီးထိတယ်။ တစ်စီးကတော့ကရိန်းနဲ့ လာသယ်သွားတယ်။ နောက်တစ်စီးကတော့ အမြီးပိုင်းပဲထိတာ။ သေတာက သုံးယောက်။ ဒဏ်ရာ ရတာကတော့ခန့်မှန်း ၈ ယောက်လောက်ရှိမယ်ဗျ” ဟု နေလစကြာ(ရွှေဘို) PDF မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။ 

ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်မှုကို နေလစကြာ်(ရွှေဘို)၊ ရွှေဘို ယမ်းဘီလူး၊ Burmese Dragon Force၊ Dhuwan S.B.D.F အဖွဲ့ တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 


Lu Nge Khit

စစ်ယာဉ်တန်းကို ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်၊ သုံးဦးပွဲချင်းပြီးသေ စစ်ယာဉ်တန်းကို ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်၊ သုံးဦးပွဲချင်းပြီးသေ Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.