ရှမ်း-ကယားနယ်စပ်နှင့် ဒီးမော့ဆိုတိုက်ပွဲ အ တွင်း စစ်ကောင်စီတပ် ၃၀ ဝန်းကျင်သေဆုံး၊ အထိနာသဖြင့်လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

ဓာတ်ပုံ - ဒီးမော့ဆို PDF

ဖေဖော်ဝါရီလ ၂၁ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကရင်နီနယ်စပ်နှင့် ဒီးမော့ဆိုမြို့နယ်၊ ဝီသဲကူး (မြောက်ရွာ)တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၀ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ဒေသခံ PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒီးမော့ဆို-PDF ကသတင်းထုတ်ပြန်သည်။

မနက် ၁၁ နာရီကစတင်ခဲ့သည့် ၆ နာရီကြာအဆိုပါ တိုက် ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဝန်းကျင် သေဆုံးခဲ့ကာ အမြောက်အမြားဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းပို့ချက်ကို ဒီးမော့ဆို PDF က ဖော်ပြသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီကအထိနာခဲ့သဖြင့် ညနေပိုင်းတွင် လေကြောင်းဖြင့် ဗုံး ၂ ကြိမ် လာကျဲခဲ့ပြီးနောက်ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ရှမ်း-ကယားနယ်စပ်နှင့်ကရင်နီပြည်နယ်အတွင်း ဖေ ဖော်ဝါရီ ၁၇ ရက်ကစ၍ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်များအကြားတိုက်ပွဲများပြင်းထန် နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများပြားနေကြောင်း သိရသည်။


Ayeyarwaddy Times 

ရှမ်း-ကယားနယ်စပ်နှင့် ဒီးမော့ဆိုတိုက်ပွဲ အ တွင်း စစ်ကောင်စီတပ် ၃၀ ဝန်းကျင်သေဆုံး၊ အထိနာသဖြင့်လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ရှမ်း-ကယားနယ်စပ်နှင့် ဒီးမော့ဆိုတိုက်ပွဲ အ တွင်း စစ်ကောင်စီတပ် ၃၀ ဝန်းကျင်သေဆုံး၊ အထိနာသဖြင့်လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် Reviewed by THITHTOOLWIN on 23:21 Rating: 5

No comments:

Powered by Blogger.