စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့စခန်းချသည့် ရှားတော- ပေါက်အိုင်ရွာမှ နေအိမ် ၁၂ လုံး ဖျက်ဆီးသွား၊ ရွှေနှင့်ငွေသားများ ခိုးယူ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
မင်းကင်းမြို့နယ်၊ တောင်လက်ဒေသ ရှားတော-ပေါက်အိုင်ရွာတွင် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များ ဇန်နဝါရီ ၃၀ မှစတင်ကာ ယမန်နေ့ကအထိ စခန်းချသွားပြီး နေအိမ် ၁၂ လုံးကိုဖျက်ဆီး၊ တရွာလုံးရှိ နေအိမ်များကိုလည်း ၀င်ရောက်မွှေနှောက်ကာ ဓားပြတိုက်သွားကြသည်။
ကြံ့ခိုင်ရေးအမာခံအိမ်နှင့် စစ်တပ်အားပေးသည့် နေအိမ်သုံးလုံးကိုသာချန်ထားခဲ့ပြီး ယခု လက်ရှိ သိရသည်မှာ ရွှေ ၉ကျပ်သား၊ ငွေကျပ် ၉ သိန်း၊ နွား ၁ ကောင်၊ ၀က် ၄ ကောင် တို့ကို အတင်းအဓမ္မ ဓားပြတိုက်သွားကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့ မဟူရှင်မ၏သားတော် အဖွဲ့က သတင်းထုတ်ပြန်သည်။
MeKong News - မဲခေါင်သတင်း
စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့စခန်းချသည့် ရှားတော- ပေါက်အိုင်ရွာမှ နေအိမ် ၁၂ လုံး ဖျက်ဆီးသွား၊ ရွှေနှင့်ငွေသားများ ခိုးယူ
Reviewed by THITHTOOLWIN
on
21:11
Rating:
No comments:
Post a Comment