Photo : CJ ( အင်တာနက်တွင် ပျံ့နှံ့နေသည့် မြင်းများသယ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များပုံ ) |
မြင်းမူ၊ ဖေဖော်ဝါရီ ၄
မြင်းများသယ်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ဘက်သို့ ထွက်လာသည့် စစ်ကောင်စီ၏ယာဉ်တန်းကို ယနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ယာဉ်တန်း၏ ရှေ့ပြေးယာဉ်တန်း အစီး (၃၀) ကို မြင်းမူမြို့နယ်၊ ထီးဆောင်းရွာနှင့် မူးဝရွာ (တောင်ဇရပ်) ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ယာဉ် (၂) စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား (၁၅) ဦး ထက်မနည်း သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများသည် RPG ဟုခေါ်သည့် ပုခုံးထမ်းလက်နက်ကြီးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများထံ (၂) ချက်ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သားများသည် ပြည်ထောင်စုနေ့အတွက် အိန္ဒိယမှလက်ဆောင်ပေးအပ်လိုက်သည့် မြင်းများကို ကားအစီးရေး (၁၀၀) နှင့်အတူ လုံခြုံရေးယူ၍ တမူးမြိုနယ်စပ်မှတစ်ဆင့် နေပြည်တော်သို သယ်ဆောင်နေပြီး ယနေ့တိုက်ခိုက်ခံရသည့် ယာဉ်တန်းမှာ အဆိုပါ ယာဉ်တန်းဟုတ်မဟုတ် လူငယ့်ခေတ်အနေဖြင့် အတည်မပြုနိုင်ပေ။
ယာဉ်တန်းတိုက်ခိုက်မှုကို မြင်းမူမြိုနယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ Black Eagle Defence Force၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ ၊ မြင်းမူကာကွယ်ရေးတပ်နှင့် မြောင်မြို့နယ်ပြည်သူ့ကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Lu Nge Khit
No comments:
Post a Comment