သထုံမှာ နယ်မြေကျော်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံး ၃ ဦးထက်မနည်း ဒဏ်ရာရ


မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၄

သထုံမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ သချိုင်္င်းကုန်းအနီးမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းက နယ်မြေကျော်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံခဲ့ရတယ်လို့  KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

ဒီကနေ့ မနက် ၇ နာရီကျော်ခန့်မှာ KNLA တပ်မဟာ(၁)ထိန်းချုပ်နယ်မြေထဲ နယ်ကျော်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၁)နဲ့ ဒေသ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

"ဒီမနက် ၇ နာရီကျော်လောက်မှာဖြစ်တာ။ သူတို့ဘက်က လှုပ်ရှားစစ်ကြောင်းကို ကျွန်တော်တို့ဘက်က တိုက်ခိုက်တာဖြစ်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်တာကော ပစ်ခတ်တာကောပါတယ်။ သူတို့ဘက်က တော်တော်ထိတယ်။ လူနာလာကောက်တဲ့ ကားတွေတောင်လာတယ်။ ပြီးတော့ သူတ်ို့ဘက်က ပြန်ပြီး ရမ်းသန်းပစ်ခတ်လို့ ဒေသခံတွေ ထိ မထိတော့ မသိရသေးဘူး''လို့ KNLA တပ်မဟာ(၁)မြေပြင်တပ်မှူး တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဘက်က တိုက်ခိုက်ခံရတာကြောင့် အနီးအနားဝန်းကျင်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းကလည်း သထုံမြို့နယ် ပိန္နဲတော အလယ်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတစ်ခု တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးမှုရှိခဲ့တယ်လို့ သထုံမြို့ပြ အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


သတင်း-သံလွင်တိုင်းမ်


သထုံမှာ နယ်မြေကျော်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံး ၃ ဦးထက်မနည်း ဒဏ်ရာရ သထုံမှာ နယ်မြေကျော်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊  ၂ ဦး သေဆုံး ၃ ဦးထက်မနည်း ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.