နေပြည်တော်အတွင်း နေရာ ၃ ခုမှာဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၊ ဗိုလ်ရူးတာကိုဂုဏ်ပြုပေးဖို့ဗုံးခွဲတာလို့ ပြောက်ကျားအဖွဲ့တွေဆို
ဖေဖော်ဝါရီ ၁၃ ရက်
စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ မှာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက် နေ့လည်ပိုင်းက ပျဥ်းမနားမြို့ နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံရေးယူနေတဲ့ နေရာတွေကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်မြို့ ပြပြောက်ကျား မဟာမိတ်တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
ပျဥ်းမနားမြို့နယ်၊ ယောက်သွားအင်းအုပ်ချုပ်ရေးမှူးရုံးနဲ့ မြဝတီဘဏ်တို့ကို ဗုံးပစ်တိုက်ခိုက်ခဲ့လို့ အုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး မြဝတီဘဏ်က စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။
'' မနေ့က နေ့လည် ၁၂ ခွဲလောက်မှာတိုက်ခိုက်တာပါ။ မနေ့က မအလ ဗိုလ်ရူးနေတာကိုဂုဏ်ပြုပေးချင်လို့ ခွဲတာပါ။ စုစုပေါင်း သူ့တပည့်ကျွန်ရူး ၄ ကောင် သေတယ်။'' လို့ နေ ပြည်တော်မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် ပျဥ်းမနားမြို့နယ် အောင်မင်္ဂလာကြံ့ခိုင်ရေးရုံးကိုထပ်မံဗုံးခွဲတိုက်ခိုက်ခဲ့ပေမယ့် လူသေဆုံးတာမျိုးမရှိဘူးလို့ဆိုပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်မထွက်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ အနီးနားပတ်ဝန်း ကျင်တွေကိုရှောင်ကြဖို့သတိပေးထားပြီး ဘာအကြောင်းနဲ့မှ တော်လှန်ရေးအရှိန်လျှော့မှာမဟုတ်ဘူးလို့ ဖော်ပြပါတယ်။
ဒီလုပ်ဆောင်ချက်တွေကိုတော့ နေပြည်တော်မြို့ပြ ပြောက်ကျားမဟာမိတ်တွေဖြစ်တဲ့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ဖိုးစောင့်တောင်လူငယ်ပြောက် ကျားတပ်ဖွဲ့နဲ့ ပျဥ်းမနားတော်လှန်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဗိုလ်ရှုသဘင် မကျင်းပမီ ဖေဖော်ဝါရီ ၁၁ ရက်ညပိုင်းကလည်း နေပြည်တော်အတွင်းက နေရာ ၃ ခုကို PDF-နေပြည်တော်က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment