ဓာတ်ပုံ - အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်(ပုံဟောင်း) |
တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၈
ထားဝယ်မြို့နယ်၊ အိမ်ရှေ့ပြင်ကျေးရွာမှာ ဆိုင်ကယ်စီးလာသူအမျိုးသားတစ်ဦးကို စစ်တပ်ကပစ်သတ်လိုက်တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက် ည သန်းခေါင်ကျော် ၁ နာရီ ဝန်းကျင်လောက်မှာ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကိုဆိုင်ကယ်နဲ့ ဖြတ်နေစဥ် ဂိတ်မှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တာလို့ရွာခံတွေကပြောပါတယ်။
"သေနတ်အတွဲလိုက်ပစ်သံကြားတယ် ၁၀ချက်လောက်ရှိမယ်။ နောက်တော့ လူနာတင်ကားရောက်လာပြီးအလောင်းကိုသယ်သွားတယ်။ မနက်အထိလမ်းမှာ သွေးစတွေ၊ဦးနှောက်တွေ ကျန်နေသေးတယ်"လို့ အိမ်ရှေ့ပြင်ရွာသားတစ်ဦးကပြောပါတယ်။
အပစ်ခံရသူမှာ မောင်မယ်ရှောင်ကျေးရွာမှာနေထိုင်တဲ့ အသက်၄၀ ဝန်းကျင်အရွယ် ကိုသိန်းထိုက်ဦးဖြစ်တယ်လို့ သိရပါတယ်။
ရွာခံတွေကတော့ သေဆုံးသူဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူ လို့ပြောပါတယ်။
သူ့ရဲ့အလောင်းကိုတော့မိသားစုကိုပြန်မပို့ဘဲ စစ်တပ်ကမီးသင်္ဂြိုဟ် လိုက်ပြီဆိုပြီး အကြောင်းကြားခဲ့တယ်လို့ ရွာခံတွေထံကနေသိရပါတယ်။
The Tanintharyi Times
No comments:
Post a Comment